Posts

ဆေးဖက်ဝင် စပါးကြီးသည်းခြေ

စပါးကြီးမြွေသည်-အဝါ၊ အညို၊ အနက် သုံးရောင် ရောယှက်နေသည်။ ၁၀ပေမှ ၃၀ပေထိ ရှည်သည် (၂၃) နှစ်ခေန့်အသက်ရှည်သည်။ စပါးကြီး အမသည် ဥ(၁၀၀)ခန့်ဥသည်။ ဥကောင်ကလေးများ ပေါက်သည်ထိ ဥကို ရစ်ပတ်စောင့်ရှောင်တတ်သည်။ စပါးကြီးမြွေနှင့်ဆင်တူ စပါးအုံးမြွေ ရှိသည် စပါးကြီး မြွေက အမြီးသွယ် ၍ အကွက်ဆက်သည်။ စပါးအုံးမြွေက အမြီးတို၍ အကွက်ပြတ်သည်။

လေအောင်ရောဂါ

ကြိတ်မှန်ရွက်၊ ကြောင်ပန်းရွက်၊ ရော၍ ရေထည့်။ နှစ်ဆယ့်ငါးကျပ်သား ကျန်း ကျိုပါ ။ ဆားပုပ်ခဲ (၁)ကျပ်သားရော၊ ပုလင်းထဲထည့်၊ ထမင်းစားပြီးတိုင်း လက်ဖက်ရည် တစ်ဇွန်းသောက်ပါ။

မီးယပ်ဖြူဆင်းရောဂါ

ခရမ်းကစော့ပဉ္စငါးပါးကို နုပ်နုပ်စဉ်း၊ လေးဆယ်သားခန့်ရေတစ်ပိဿာငါးဆယ်သားခန့် ထက်ဝက်ခန်းအောင်မြေအိုးနှင့်ကျိုပါ။ စစ်ပါ။ အေးသော အခါ ပျားရည်စစ်စစ်တစ်ဆယ်သားထည့်ပါ။ အကြမ်းပန်းကန် တစ်ဝက်ခန့်တစ်နေ့နှစ်ကြိမ် သောက်ပါ။

ချောင်းဆိုးပျောက်ဆေး

ချင်းစိမ်းသတ္ထုရည်နှင့် ပျားရည်အနည်းငယ် ရောစပ်လျပ်ပေးပါ။

ဆီးရောဂါအတွက် ဆီးဆေး

ဆန်ဆေးသော ဒုတိယဆန်ဆေးရည်အား ဇလုံသန့်သန့်တစ်ခုထဲထည့်ပါ။ အကြည်ခံထားပါ။ ဆန်ဆေးရည် ၅၀ ကျပ်သားဝင် ပုလင်းတစ်လုံးထဲထည့်ပါ။ သကြား ၁၅ကျပ်သား ထည့်ပါ။ သံပရာသီးတစ်လုံးအရည်ညှစ်ထည့်ပါ။ ပုလင်းအဖုံးအားလုံအောင်ပိတ်၍ တစ်ညအိပ်ထားပါ နံနက်မိုးလင်းသောအခါ ပုလင်းကို မလှုပ်ဘဲ ရေငတ်တိုင်းသောက်ပါ။ ဆီးအောင့်၊ သွေးပါ၊ ပြည်ယိုခြင်းပျောက်၏ ။

ဆီးအိမ်ကျောက်တည်ပျောက်ဆေး

ဝက်သား ငါးဆယ်သား၊ဗေဒါရွက် နှစ်ဆယ်ကျပ်သား ချက်စားပါ။ ဆီးကျောက်ကျမည်။ ဆီးရောဂါ+ဆီးကျောက်တည် ဖရဲသီးစားပေးပါ။

နှင်းခူအစို အတွက် နှင်းဆီရွက်

နှင်းဆီရွက်ကို အခြောက်လှန်းပါ (နှင်းဆီအနီပိုကောင်း၏) ခြောက်သွားလျှင်ပြာချ၍ အုန်းဆီနှင့်ဖျော် ၊နှင်းခူအစိုပေါ် တစ်နေ့(၂)ကြိမ် လိမ်းပေးပါ။