ဆင်ငိုမြစ်
ရုက္ခ ဗေဒအမည်
Eleusine undica
အင်္ဂလိပ်အမည်
Crowfoot grass, Dog's tall grass, Crab grass, wire grass.
အပင်သဏ္ဏာန်
တစ်နှစ်ခံမြက်မျိုး ဖြစ်သည်။ မြေပြင်တွင် ထောင်၍ ပေါက်သော မြက်မျိုးဖြစ်ပြီး အမြင့်(၂) ပေခန့်အထိ ရှိနိုင်သည်။
အရွက်ရှည်ပြီး အရွက်အရင်းမှ အစပ်တွင် အမွေးနု ကလေးများ ရှိသည်။ အပွင့် ကလေးများသည် အတန်းလိုက်ပွင့်ညှာတံထိပ်တွင်ရှိပြီး အတက်ကလေးများ ထွက်နေတတ်သည်။
အပွင့် ပွင့်သော ကာလ
မေလ မှ ဇူလိုင်လအထိ
ပေါက်ရောက်ရာဒေသ
ပေါင်းမြက်မျိုးဖြစ်၍ နေရာအနှံ့ပေါက်ရောက်တတ်သည်။
အသုံးပြုသော အစိတ်အပိုင်း
တစ်နှစ်ပတ်လုံး စုဆောင်းနိုင်ပါသည်။ အပင်ပဉ္စငါးပါး လုံးဆေးအဖြစ် သုံးနိုင်သည်။
အပင်လတ်လတ်ဆတ်ဆတ် သာမက အပင်ခြောက်ကိုလည်း ဆေးအဖြစ် သုံးနိုင်သည်။
ပါဝင်သော ဓာတုပေါင်းများ
အပင်တစ်ပင်လုံးတွင် နိုက်တြိုက်ဓာတ်ဆားများ ပါဝင်သည်။
ဆေးအသုံးပြုပုံ
တရုတ်၊ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားတို့တွင် အလွန်သုံးသော ဆေးဖက်ဝင်ဖြစ်သည်။ ၎င်း ကို ဆီးရွှင်ဆေး၊ ဝမ်းပျော့ဆေး၊ အစာကြေဆေး၊ အနာအရောင်လျှော့ဆေး၊ အသည်းအားဆေးအဖြစ်သုံးနိုင်သည်။
ထို့ပြင်တုတ်ကွေးပျောက် အဖျားကျဆေး ၊ သွေးတိုး ကျဆေး၊ ဆီးကျဉ်ရောဂါပျောက်ဆေး၊ ဆီးကျန်၊ ဆီးချုပ်ရောဂါပျောက်ဆေး အဖြစ် အမျိုးမျိုး သုံးနိုင်သည်။
ဆေးမှုန့်အဖြစ်သော်လည်းကောင်း၊ ပြုတ်ဆေးအဖြစ်လည်းကောင်း၊ တိုက်ကျွေးနိုင်သည်။ ဆေးချိန် တစ်နေ့လျှင် (၂)ကျပ်သား အထိ တိုက်ကျွေးနိုင်သည်။

Comments
Post a Comment