ကြွက်နို့သတ်နည်း

၁။ ကြွက်နို့သတ်ရန်  ရှေးဦးစွာ ဆီးဖြူခက် ခုနစ်ခက် ခူးပါ။ ဆီးဖြူခက်အရွက်ရင့်လေ ကြွက်နို့အမြန်ပျောက်လေ ဖြစ်သည်။

၂။ ယင်းဆီးဖြူခက် ခုနစ်ခက်ကို မှောက်လိုက်၊ လှန်လိုက် ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန် ထပ်ပါ။

၃။ ဆီးဖြူခက်အထပ်ကို ဝါးနှီးဖြင့် ခုနစ်ပတ်ပတ် ပြီး ချည်ပါ။

၄။ ချည်ထားပြီးသော ဆီးဖြူခက်နှင့် ကြွက်နို့အမကြီး ကိုခုနစ်ချက်သပ်ချပေးပါ။

၅။ အထူးသတိပြုရန်မှာ ဆီးဖြူခက်ခုနစ်ခက်ကို မှောက်လိုက်၊ လှန်လိုက်၊ထပ်သည့်အခါ ဝါးနှီးဖြင့် ခုနစ်ပတ်ပတ်ချည်သည့်အခါ နှင့် ကြွက်နို့အမကို ခုနစ်ချက်သပ်ချသည့် အခါများ တွင် အသက်အောင့်ထားပါ။

၆။ ကြွက်နို့အမကို သပ်ချပြီးသော ဆီးဖြူခက်များကို ကြွက်နို့ရှင်က ၎င်း၏ အိမ်လှေကား အတက်အဆင်းခေါင်မိုးတွင် လက်ကို နောက်ပြန်ထိုးစိုက်ပါ။

Comments

Popular posts from this blog

ဆင်တုံးမနွယ်ဆေး

နှလုံးအားဆေး