လငပုပ်ဖမ်းချိန် လမင်းဂါထာနှင့် ဆေးနည်း
လငပုပ်ဖမ်းချိန် လွှတ်အန်မည့်အချိန်တိုတွင် လမင်းဂါထာတော်ကို နှုတ်မှ ရွတ်ဆို၍ မန်ကျည်းပင်မှ အခေါက် ကို ဆောင်ယူသိမ်းထားပါ။
ဂါထာကို ရွတ်ဖက်ရင်း လမင်းအား လငပုပ်ဖမ်းခြင်းမှ အမြန်လွတ်မြောက်၍ ကမ္ဘာသားများအား အမြန်ဆုံး အလင်းရောင်ပေးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့ပါ။
မျက်စိစူးသူ၊ မျက်စိနာသူ၊ စိမ်စွဲသူ၊ မျက်စိဝေဒနာရှင်များအား ၎င်းမန်ကျည်းခေါက်ကို သွေး၍ လိမ်းပေးပါ။
လမင်းဂါထာတော်
နမော တေဗုဒ္ဓဝီရတ္ထု
ဝိပ္ပမုတ္တောသိ သဗ္ဗဓိ
သမ္ပာဓပဠိပန္နောသ္မိ
တဿ မေ သရဏံ ဘဝ။
တထာဂတံ အရဟန္တံ
စန္ဒိမာ သရဏံ ဂတော
ရာဟု စန္ဒံ မမုဉ္စဿု
ဗုဒ္ဓါ လောကာ နုကမ္ပကာ။
အနက်
ဝီရ၊ ကြီးမြတ်သော လုံ့လရှိတော်မူသော။ ဗုဒ္ဒ၊ မြတ်စွာဘုရား၊ တေ၊ အရှင်ဘုရားအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ဖြစ်ပါစေသတည်း။(တွံ၊အရှင်ဘုရားသည်။)သဗ္ဗဓိ၊ ခပ်သိမ်းသော အနှောင်အဖွဲ့၊အနှောက်အရှက်တို့မှ။ ဝိပ္ပမုတ္တော၊ ကင်းလွတ်သည်။ အသိ၊ ဖြစ်တော်မူ၏။ (အဟံ၊ တပည့်တော်သည်။)သမ္ပာဓပဠိပန္နော၊ အကျဉ်းအကျပ်သို့ရောက်၍ နေသည်။ အသ္မိ၊ ဖြစ်ပါ၏။ တဿမေ၊ ထိုတပည့်တော်၏ ။ သရဏံ၊ ကိုးကွယ်ရာသည်။ ဘဝ၊ ဖြစ်တော်မူပါဘုရား။
အရဟန္တံ၊ပူဇော်အထူးကို ခံတော်မူထိုက်သော ။ တထာဂတံ၊ ငါဘုရားကို ။ စန္ဒိမာ၊ လနတ်သားသည်။ သရဏံ၊ ကိုးကွယ်ရာဟူ၍ ။ ဂတော၊ မှီဝဲဆည်းကပ်လေပြီး ရာဟု၊ ရာဟုမည်သော အသူရိန်နတ်။ (တွံ၊ သင်သည်) စန္ဒံ၊လနတ်သားကို။ ပမုဉ္စဿု၊ ယခုအမြန် လွှတ်လိုက်ပါလော့။ ဗုဒ္ဓါ၊ ဘုရားရှင်တို့သည်။ လောကနုကမ္ပကာ၊ သတ္တလောကကို အစဉ်သနားစောင့်ရှောက်ကယ်တင်တော်မူတတ်ကုန် ၏ ။

Comments
Post a Comment