ကလေးများလေ ချုပ်၍ ဝမ်းဗိုက်နာနေလျှင် ကလေးငယ်များ ဖျားနေခြင်း၊ ချောင်းဆိုးခြင်းအတွက်

လင်းနေမြစ်သွေးရည်ကို မိခင်နို့ရည်နှင့်ရောစပ်၍ တစ်နေ့(၃)ကြိမ် ကော်ဖီဇွန်းတစ်ဝက်ခန့်တိုက်ပါ။

ကလေးငယ်များ လေးချုပ်ခြင်း၊ဝမ်းဗိုက်နာခြင်း၊ဝမ်းဗိုက်ရောင်ခြင်းဖြစ်လျှင်

လင်းနေမြစ်ကို နှမ်းဆီနှင့်သွေး၍ ဆေးရည်ကို လိမ်းပေးပါ။

အသားဝါ၊ အသည်းရောင် သက်သာစေတဲ့မလက်မဲပင်

အသားဝါ၊ အသည်းရောင် လက္ခဏာများ

၁။ မျက်စိများ နနွင်းကဲ့သို့ဝါထင်းလာခြင်း

၂။ အသားအရည်လက်သည်း၊ ခြေသည်းများ ဝါကြန့်ကြန့်ဖြစ်လာခြင်း၊

၃။ ဆီးသွားတိုင်း နနွင်းရောင်ကဲ့သို့ရှိခြင်း

၄။ ကိုယ်ဖော ကိုယ်ရောင်ဖြစ်လာခြင်း

မလက်မဲပင်၏ အသွင်သဏ္ဏန်

မလက်မဲပင်သည် ခြုံနွယ်သစ်ပင်တစ်မျိုးဖြစ်သည်။
တောရိုင်းခြုံနွယ်များ ပေါက်ရောက်တတ်သည့် ဒေသနှင့် အေးမြ၍ မြက်ခင်းပေါသော ချိုင့်ဝှမ်းတို့၌ ပေါက်ရောက်တတ်သည်။

မလက်မဲပင်၏ အသွင်သဏ္ဏန်မှာ ခြုံနွယ်ပင်ဖြစ်ပြီး တောကြက်ဟင်းခါးသီးအပင်ကဲ့သို့ရှိကာ ပေါက်တတ်သည်။

အရွက်မှာ တောကြက်ဟင်းခါးသီးအရွက်ကဲ့သို့အစိမ်းရင့်ရောင် ဖြစ်ပြီး ရိုးတံတစ်ချောင်း တွင် သုံးခွပုံစံ လက်ဖဝါး ကဲ့သို့ရှိသော  အရွက်သုံးချပ်ပါရှိ၍ ချောမွေ့သော အနေအထားရှိသည်။ အပွင့်မှာ ပိစပ်ပင်အပင်ကဲ့သို့အဖြူရောင်သေးသေးဖြစ်၍ တောကြက်ဟင်းခါးသီးအပွင့်နှင့်ခွဲခြား၍ ထွက်သည်။

အသီးမှာ တောကြက်ဟင်းခါးသီးနှင့် လုံးဝမတူဘဲ သုံးမြှောင်သဏ္ဏာန်ဖြစ်ပြီး သီးစတွင် ငှက်ပျော်ညွှန့်အရောင်ရှိကာ မှည့်လာသောအခါ အဝါရောင်သို့ပြောင်းလဲပြီး လက်ဖြင့်နှိပ်ကာ စမ်းကြည့်ပါက လေးဗူးဖောင်းကဲ့သို့ရှိပြီး လျှင်ငရုတ်ကောင်းစေ့အရွယ်အစေ့များပါရှိသည်။

မိုးရာသီတွင်လွန်စွာ ပေါက်ရောက်ပြီး ဆောင်းအဝင်တွင် အသီးအပွင့်တို့ဝေဆာစွာ သီးပွင့်လေသည်။

ဆေးအဖြစ်သုံးစွဲနည်း

မလက်မဲပင်၏ အပင်နှင့်တကွ အခက်၊ အရွက်၊အသီး၊ အပွင့်၊ အမြစ်တို့ကို လိုအပ်သလို နှုတ်ယူပြီး နွားစာကဲ့သို့စဉ်းပြီးရေဖြင့်ပြုတ်ကာ ရောဂါမပျောက်မချင်း တစ်နေ့လျှင် လက်ဖျက်ရည်ပန်းကန်တစ်လုံး သုံးကြိမ်သောက်ပေးပါ။

Comments

Popular posts from this blog

ဆင်တုံးမနွယ်ဆေး

နှလုံးအားဆေး

ကြွက်နို့သတ်နည်း