အူကျ(ဘောကျ) ရောဂါ

မြစ်ဝကျွန်းပေါ် ဒေသတို့တွင် ငါးခတ်တက်ဟု ခေါ်ပြီး ရန်ကုန်မြို့နှင့်မြို့ကြီးများတွင် ပြည်ကြီးငါးဟု ခေါ်သည်။

ပြည်ကြီးငါး ၂၀-ကျပ်သား၊ ၂၅-ကျပ်သား နှစ်ကောင်ဝယ်ပါ။ အသားကို စားရန်ဖယ်၍ အရိုးကို ယူ၍ နေလှမ်းပါ။

အရိုးကိုဆန်ဆေးရည်နှင့်ပျစ်ပျစ်သွေးကာ ဘောကျသည့်နေရာကို ခြောက်လိုက်လိမ်းလိုက်ပြုလုပ်ပါ။

၎င်း အရိုးကိုပင် ဆန်ဆေးရည်နှင့်မပျစ်မကျဲသွေးပြီး အကြမ်းပန်းကန်တစ်လုံးခန့်သောက်ပါ။

ပြည်ကြီးငါး ၂၅-ကျပ်သားကောင်၏ အရိုးမှာ အလျား ၃-လက်မ၊အနံ တစ်လက်မခန့်ရှိပါသည်။

အရိုးကို ပုရွက်ဆိတ်ကြိုက်တတ်၍ လုံခြုံစွာသိမ်းပါ။

 အူကျရောဂါပျောက်ဆေး

၁။ သိန္ဓော                                    ၂-ကျပ်သား
၂။ ဇဝက်သာ                                 ၂-ကျပ်သား
၃။ ဇာသီး                                      ၂-ကျပ်သား
၄။စမုံနက်                                     ၃-ကျပ်သား
၅။ ကြောင်ပန်း                               ၄-ကျပ်သား
၆။ ဘင်္ဂလီဆား                              ၄-ကျပ်သား
၇။ ကြက်သွန်ဖြူမီးသင်း                   ၅-ကျပ်သား

ဆေး၇-မျိုး ၊ ဆေး၂၂-ကျပ်သား

အားလုံးအမှုန့်ပြု၍ ဆေး ၂-ပဲသားခန့်တစ်နေ့၃-ကြိမ်ရေအေးနှင့်သောက်ပါ။

Comments

Popular posts from this blog

ဆင်တုံးမနွယ်ဆေး

နှလုံးအားဆေး

ကြွက်နို့သတ်နည်း