နောက်ဆေးတစ်နည်း စိန်၊သံ၊ထုံး၊ ကွမ်း၊ အလွန်စွမ်း။

စိန်                  =စိန်နီမြင်သွား
သံ                   =သံပုရာစေ့
ထုံး                  =ကွမ်းစားထုံး
ကွမ်း                = ကွမ်းရွက်အစို

ဆတူညက်စွာ ကြိတ်ပြီး ရွေးစေ့ခန့်လုံးထား။

သံပုရာစေ့  သုံးတဲ့နေရာမှာ သံပုရာစေ့အတွင်း ထဲက အဆန်လေးကို သုံးပါ။

စားကောင်း၊ အိပ်ပျော်၊ ဆီးချုပ်၊ အဇ္ဈတ္တိက ပထဝီလွန်ရောဂါများ နဲ့ ကိုယ်ရေအေး၊ ချွေးစေးထွက်၊ ခေါင်းခဲ၊ ဇက်လေးဆိုတဲ့ ဗဟိဒ္ဓအာပေါလွန် ရောပါများ ပျောက်ပါသည်။

ဆေးသောက်ရန်

တစ်ရက်တစ်လုံး၊ နှစ်ရက်နှစ်လုံးစသည်ဖြင့် တစ်နေ့တစ်လုံး သောက်ပါ။
ဆေးသောက်၍ အန်ခြင်း ၊ ဝမ်းသွားခြင်း၊တို့ကို မခံနိုင်ပါက သကြားရေပူပူ သောက်ပါ။

ဆေးသောက်၍  (၇)ရက်ပြည့်ပါက ည(၁၀)နာရီ လောက်ပါ ဝမ်းတစ်ကြိမ်၊ နှစ်ကြိမ်သွားအောင် ဝမ်းနုတ်ဆေး စားပါ။
ဝမ်းသွားပြီးပါက ချွေးအောင်းပါ။ နောက်ဆီးရွှင်ဝမ်းနှုတ်ဆေး တစ်မျိုးမျိုးကို (၉)ရက်ဆက်တိုက် ချင့်ချိန်၍ ကျွေးပါ။

ကြောက်ရွံ့ခြင်း၊ထိတ်လန့်ရူးသွပ်ခြင်း၊ လူကြောက်တတ်ခြင်း၊ ဝက်ရူး၊ ကြက်ရူးမှစ၍ ရောဂါကြီးများ ပျောက်ကင်းပါသည်။

Comments

Popular posts from this blog

ဆင်တုံးမနွယ်ဆေး

နှလုံးအားဆေး

ကြွက်နို့သတ်နည်း