နားရောဂါပျောက်ကင်းသော ဂါထာနှင့် ဆေးမြီးတို

ဒူရဉ္စ သုခုခံ  သဒ္ဒံ
သောတုံ သမတ္ထ နာယကံ။
ဒိဗ္ဗသောတေန သမ္ပန္နံ၊
လောကနာထံ နာမာမဟံ။

ခက်ခဲသောပါဠိ အသံထွက်

ဒူရဉ္စ             =  ဒူရင်စ
သဒ္ဒံ             =  သတ်ဒံ
သမတ္ထ         =  သမတ်ထ
သမ္ပန္နံ      ။     သမ်ပန်နံ

**     ဒူရဉ္စ သဒ္ဒံ၊စကြာဝဠာ လွန်းဝေးစွာမှ လာသော အသံဓတ်၊ အရပ်ရပ်ကိုလည်းကောင်း။

သုခုမံ  သဒ္ဒံစ၊ ပုရွက်၊ ပုရွက်ငယ်စွာ သတ္ထဝါ အဖြဖြာတို့၏ သေးစွာလုံးစုံ သိမ်မွေ့သောအသံ အလုံးစုံ ကိုလည်း ကောင်း။

သောတုံ၊ တန်ခိုးတော်အား ပကတိနားဖြင့် ကြားသီတော်မူခြင်းငှါ။

သမတ္ထံ၊ စွမ်းနိုင်တော်မူသော။

ဒိဗ္ဗသောတေန၊ နတ်နားအသွင် ဒိဗ္ဗသောတ အဘိညာဉ်နှင့်။

သမ္ပန္နံ၊ပြည့်စုံကုန်လုံတော်မူသော။
လောကနာထံ၊ လူ၊နတ်၊ ဗြဟ္မာ၊သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော။

နာယကံ၊ လောကတံခွန် ပုဂ္ဂိုလ်မွန်ဟု လမ်းညွှန်ရှေ့သွား မြတ်ဘုရားကို။

အဟံ၊ အရှင်ဘုရားအား အားထားကော်ရော်ဘုရားတပည့်တော်သည်။

နာမာမီ၊ ရိုသေညွှတ်ကျိုးလက်စုံမိုး၍ ရှိခိုးပါမြတ်စွာဘုရား။

(ဂါထာ၌ သမတ္ထ၌ ဆန္ဒာနုရက္ခဏအကျိုးငှါ နိဂ္ဂဟိတ်ကျေနေသည်ဟု မှတ်ပါ။)

 ဆေးနည်းများ

စားဆေး

၁။ ကြောင်လျှာစေ့အခြောက်ကို အမှုန့်ပြုပါ။ နွယ်ချိုနှင့်ဆတူရောပြီး ရွေးကြီးစေ့ခန့်ပျားရည်စစ်စစ်ဖြင့် လုံးပါ။

တစ်ခါသောက် ၂-လုံး ၊တစ်နေ့(၃)ကြိမ် သောက်ပါ။

၂။ ကျောက်မီးသွေးပူရွက်ကို မီးနွေးနွေးဖြင့် အုံပြီး အရည် ညှစ် နားထဲအစက်ချပေးပါ။

၃။ ဖလံတောင် ဝှေးအပင်၏ အရွက်ကို မီးမှာ နွမ်းအောင်ကင် အရည်ညှစ်ပြီး တစ်နေ့(၃)ကြိမ် နားထဲထည့်ပါ။

၄။ ကြောင်လျှာမြစ်ကို ညက်နေအောင် အမှုန့်ပြုပြီး နှမ်းဆီစစ်စစ် နှင့် မီးမှာ ချက်ပါ။

ကြက်တောင်(သို့မဟုတ်) ငှက်ခါးတောင်မွေးသန့်သန့်ဖြင့် ကျပ်ပေးပါ။

နားအူ၊နားပင်းရောဂါဖြစ်လျှင် ကျီးတောင်ကို အုန်းဆီဆွတ်၍  ကျပ်ပေးပါ။

၅။ ကြောင်ပန်းရွက်သတ္ထုရည်ကို နှမ်းဆီစစ်စစ်နှင့်ချက်ပြီး နားကျပ်ပေးပါ။

၆။ ဥသျှစ်မြစ်ကို အမှုန့်ပြုပြီး မုန်ညှင်းဆီနှင့် ဆူအောင်ချက်၍ ဆီအကြည်ကို နားကျပ်ပေးပါ။

၇။ နှမ်းဆီစစ်စစ် (၅)ကျပ်သား ကြွက်သွန်ဖြူနည်းနည်းဓားပြားရိုက်ထည့်၍ လေးညှင်း(၂)ပွင့်ထည့်ပြီး ချက်ပါ။ ၎င်း ဆီကို ခပ်နွေးနွေး နားကျပ်ပေးပါ။

၈။ ဖွတ်သတ္တဝါကရသော ဖွတ်ဆီကို ကြက်တောင်နှင့်နားကျပ်ပေးပါ။

၉။ စပါးကြီးသည်းခြေ၊ ဖားဆီနှစ်မျိုးရောပြီး ငှက်ဖျားတောင်ဖြင့် ကျပ်ပေးပါ။

နားထိုင်း၊ နားလေးရောဂါ ပျောက်ပါသည်။

၁၀။ (၁) နွားသားလတ်လတ်ဆတ်ဆတ် မီးကင်၍ အဆီညှစ်ယူပါ။
(၂)နနွင်းစိမ်း၊ ချင်း(ဂျင်း)စိမ်း၊ ကတိုးတို့ကို အမှုန့်ပြုပါ ။
(၃) ပဒိုင်းသီးကို အညှာဖြတ်ပြီး  အတွင်းမှအစေ့ထုတ်ပစ်ပါ။ ထိုအခေါင်းထဲသို့(၁)မှ အဆီး(၂)မှ ဆေးမှုန့်များထည့်၍ ချက်ပါ။

ထိုအဆီကို သန့်ရှင်းသော ကြက်တောင်ဖြင့် နားကို ကြပ်ပေးပါ။

နားအူ၊နားကိုက်၊နားယား၊ နားလေထွက်၊နားပင်းရောဂါများ ပျောက်ကင်းသည်။

Comments

Popular posts from this blog

ဆင်တုံးမနွယ်ဆေး

နှလုံးအားဆေး

ကြွက်နို့သတ်နည်း