တပင်ရွှေထီးပင် အသုံး

ပင်းတယ၊အောင်ပန်း၊ပြင်ဦးလွင်၊ ပျဉ်းမနားဘက်တွေမှာ ပေါပါတယ် ။ တောထဲမှာ အလေ့ကျပေါက်ပါတယ်။ အုံလိုက်ကျင်းလိုက်ပေါက်တတ်ပါတယ်။

ဥကလေးရှိပြီး တစ်နှစ်ပဲခံတတ်ပါတယ်။ တစ်နှစ်ကြာရင်အပင်ကျသွားပြီး နောက်နှစ်ကျတော့ မြေထဲမှာ ကျန်နေရစ်တဲ့ ဥကနေ အပင်သစ်ကလေး ပေါက်လာပါတယ်။

အပင်တရိုးတံတစ်ခုတည်းမှာ အရွက်ဝန်းဝန်းကြီး တစ်ရွက်ထဲရိှပါတယ်။ အရွက်ကထီးနဲ့ သဏ္ဏာန်တူပြီး အကြောတွေရှိပါတယ်။ အရွက်ကပါးပြီး နူညံ့ပါတယ်။

ပဉ္စငါးပါးဆေးအဖြစ်သုံးပါတယ်။ အနာ ၊အဖုအကျိတ်တွေ ကင်ဆာအဖုအကျိတ်တွေမှာ ဆေးပင်ကို ထောင်းပြီး အုံပါတယ်၊ အရွက်သတ္ထုရည်ကိုလည်း လိမ်းပေးနိုင်ပါတယ်။ မီးပူလောက်နာ၊ ပြည်တည်နာတွေအတွက် လည်း အုံဆေးသာမက စားဆေးအဖြစ်ပါ သုံးပါတယ်။

မီးယပ်ရောဂါ ၊ဆီးရောဂါ၊ဒူလာသွေးဝမ်း၊ မီးယပ်သွေးဝမ်းနဲ့၊ဝမ်းကိုက်ရောဂါ တွေ ပျောက်နိုင်ပါတယ်။ အဆုတ် ရေပြွန်ရောင်ပြီး ချောင်းဆိုးခြင်း ၊ချောင်းဆိုးသွေးပါခြင်း၊လည်ချောင်းနာခြင်းတွေလဲ ပျောက်ပါတယ်။

အချို့အရပ်တွေမှာ ဂမုန်းကလပ်လို့ခေါ်ပါတယ်။
ရုက္ခဗေဒ၊အမည် (Jatropha podaorica) လို့ခေါ်ပါတယ်။

ဂျွတ်ဆင်ပင်၊ နေကြာကလေး၊ဝက်စာပင်စသည် ဖြင့် ခေါ်ပါတယ်။

Comments

Popular posts from this blog

ဆင်တုံးမနွယ်ဆေး

နှလုံးအားဆေး

ကြွက်နို့သတ်နည်း