ခရုသင်းအဖြူနှင့် ကိုယ်ရေပြားရောဂါအတွက် ဆေးပင်

လောက်မင်းပင်မှာ အရွက်ဝိုင်း၍ ထိပ်ချွန်သည်။အရွက်ကြောပိုင်းကြမ်းသည်။ အမြင့်တစ်တောင့်ထွာခန့်သာရှိသည်။ လောက်မင်းဥမှာ ဂျူးမြစ်ဥနှင့်တူသည်။ ခရုပတ်သဏ္ဏာန် အထပ်လိုက်ဥသည်။ အပင်တစ်ပင်တွင် လောက်မင်းဥ တစ်မြုံလုံး(၈၀)ကျပ်သား ခန့်ရရှိသည်။

ယင်းလောက်မင်းဥကို ပြုတ်၍ ပေါင်းခံချွေးကိုယူပြီး ခရုသင်း၊ သမင်ဖြူနီများဖြစ်သော သူအားလိမ်းပေးပါက နှစ်ကြိမ်၊သုံးကြိမ်လိမ်းရုံဖြင့် အဖတ်လိုက်ကွာ ကျပြီး သက်သာစေပါသည်။

ထိုသို့လိမ်းရာ၌ သမင်ဖြူဖြစ်သော နေရာကိုသာလိမ်းရမည်။ အခြားနေရာကို လိမ်းမိပါက အပူလောင်တတ်သည်။

ပွေး၊နှင်းခူနှင့်ကိုယ်ရေကြားတွင်ဖြစ်သော ယားယံအနာများအတွက် ပိုးကို သေစေပြီး လျင်မြန်စွာ ပျောက်သည်။ ပေါင်းခံချွေးကို စားသောက်၍ မရပါ။

မှတ်ချက်။       ။ မှော်ဘီမြို့နယ်၊ ပါးနက်ချောင်းရေတာရှည် ကျေးရွာအုပ်စု၊ ကော်ခြံအမှတ်(၁) ကျောက်ပြားစက်ရုံစခန်းနှင့် လေးမိုင်ကွာ တောင်တစ်လုံးတောင်နှင့် ပုရွက်ဆိတ်ကုန်းမှရသည်။

Comments

Popular posts from this blog

ဆင်တုံးမနွယ်ဆေး

နှလုံးအားဆေး

ကြွက်နို့သတ်နည်း