ငှက်ဖျားရောဂါ၊ နာတာရှည်ဒူလာ၊ မီးယပ်ရောဂါ ၊ ချောင်းဆိုးရင်ကျပ်ရောဂါပျောက်ဆေး

တရုတ်စံကား(အနီပင်) အခေါက်တစ်ပိဿာ ရေသုံးခွက် တစ်ခွက်တင် ပြုတ်၊စစ်ပါ ထန်းလျက် (၂၅)ကျပ်သား ၊ပျားရည် (၁၀) ကျပ်သား ဆားစိမ်း (၁)ကျပ်သား ရောစပ်ပြန်ကျိုပါ။

ဆေးအရသာ
ပူ၊ခါး၊ချို

ဆေးအာနိသင်

ဓါတ်ပျော့၊ လေလည်၊အိပ်ပျော်၊ ရင်ချောင်၊စားဝင်၊ အအေးခံနိုင်။

သလိပ်ကပ် ချောင်းဆိုး မောပန်းဆေး

စမုန်မျိုးငါးပါး                                  ၁-ကျပ်သား
သိန္ဓောဆား                                   ၁-ကျပ်သား
ကျောက်ချဉ်                                   ၁-မတ်သား
ပျားရည်ဇွန်းကြီး                              ၃ဇွန်း

ချေထားသော သံပရာသီးနှင့်သမအောင် ရောနယ်ပါ တကော်စာတိုက်ကျွေးပါ။

မှတ်ချက်။  အိမ်ထောင်မကျသေးသော အမျိုးသမီးငယ်များ  ကျောက်ချဉ်မထည့်ရပါ။

ရင်ကျပ်ပန်းနာပျောက်ဆေး

ရှားစောင်းလက်ပတ် အနှစ်                                ၅၀- ကျပ်သား
ဆား                                                           ၅-ကျပ်သား

ဆေး(၂) ရောမွှေ နေလှန်းပါ ကြိတ်ပါ ရှောက်ရည်နှင့်ဖျော် လဖက်စားဇွန်းနှင့် တစ်နေ့(၃)ကြိမ်သောက်ပါ။

ကလေးများသွားရည်တစ်စိုစိုယိုလျှင်

ကျားရှေ့လက်မှ လက်သည်းတစ်ခုကို အပေါက်ဖေါက်ပြီး လည်ပင်းမှာဆွဲပေးပါ။

Comments

Popular posts from this blog

ဆင်တုံးမနွယ်ဆေး

နှလုံးအားဆေး

ကြွက်နို့သတ်နည်း