ညောင်ဗုဒ္ဓဟေနှင့် ကိုယ်တွေ့ဆေးအသုံး

ညောင်ဗုဒ္ဒ ဟေဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူသည့် ညောင်အမျိုးအစား ဖြစ်ပါသည်။
အရွက်ဖျားများ အမြီးသဖွယ် ရှည်သွယ်ပါသည်။

အရေပြားရောဂါ   ယားနာ

ညောင်ဗုဒ္ဓဟေရွက် လက်တစ်ဆုပ်ခန့်ကို ရေတစ်ဖလားခန့်နှင့် တစ်ဝက်ခန်းအောင် ကျို။ ရေဆာတိုင်း သောက်ပါ။

ယောနိလမ်းကြောင်း သန့်ရှင်းစေရန်

ညောင်ဗုဒ္ဓ ဟေအမြစ်မှုန့်၊အခေါက်မှုန့်တို့ကို ပျားရည်နှင့်တေပြီး ညစဉ် ကော်ဖီဇွန်း တစ်ဇွန်း စားပေးပါ။

ရေယုံနာ

ညောင်ဗုဒ္ဓ ဟေအမြစ်ခေါက်ကို ရေနှင့်သုံးခွက်တစ်ခွက်ကျို။ ပါးစပ်ငုံပေးပါ။

အနာ

ညောင်ဗုဒ္ဓ ဟေအမြစ်ခေါက်ကို မီးရှို့ပြာချ အနာပေါ် ဖြူးပေးပါ။

နှလုံးရောဂါ

ညောင်ဗုဒ္ဓဟေအသီးမှည့်ကို သကြား၊သကာတို့နှင့်ယိုထိုးစားပါ။

ရင်သားတွင်ပေါက်သောအနာ၊ အနာပေါက်များပြည်တည်နာ

 ညောင်ဗုဒ္ဓဟေမြစ် သွေးလိမ်းပါ။

ဆင်ခြေထောက်ရော၊လေရောဂါ၊ ထိုးအောင့်ရောဂါ၊ အော့အန်ရောဂါ

ညောင်ဗုဒ္ဓဟေမြစ်အခေါက်                           ၁၀-ကျပ်သား
ချင်း                                                        ၁၀-ကျပ်သား
ထန်းလျက်                                                ၁၅-ကျပ်သား
ရှောက်သီးပြုတ်ပြီး                                       ၁-လုံး

သမအောင် ရောမွှေပြီး နံနက် ၊ည ကော်ဖီတစ်ဇွန်းခန့်စားပါ။

ဂရင်ဂျီနာ

ညောင်ဗုဒ္ဓဟေပြာ၊ ပျားရည်၊ နှမ်းဆီတို့ကို ရောနယ်၍ အတောင့်သေးများပြုလုပ်ကာ ဂရင်ဂျီနာ  အပေါက်ထဲသို့ထည့်ပေးပါ။

Comments

Popular posts from this blog

ဆင်တုံးမနွယ်ဆေး

နှလုံးအားဆေး

ကြွက်နို့သတ်နည်း