မီးယက်ဖြူဆင်းလျှင် Get link Facebook X Pinterest Email Other Apps July 01, 2019 မကျည်းစေ့ကို (၁၂) နာရီခန့်ရေတွင် စိမ်၍ အခွံကို ခွာပစ်ပါ။ အဆန်ကို နွားနို့နှင့်ကြိတ်ပါ။ တစ်ကြိမ်(၄)ပဲသား နံနက်၊ ည(၂)ကြိမ် သောက်ပါ။ Get link Facebook X Pinterest Email Other Apps Comments
ဆင်တုံးမနွယ်ဆေး June 28, 2019 ရှောက်သီးတစ်လုံးအစေ့များ ဖယ်ရှား၊ အခွံပါ ပါဝင်ပြီးပါးပါးလှီး။ ဆားတစ်ဆယ်သားခန့်ထည့်ပြီး ရေလက်ဖက်ရည်ပန်းကန်သုံးလုံး ထည့်လျက် မီးဖြင့် အခွံနူးအိသည်အထိ ပေါင်းပါ။ ရှောက်သီးတွင် အရည်အနည်းငယ်ကျန်ရပါမည်။ရှောက်သီးပြုတ်ကို ဇလုံးငယ်တစ်ခုတွင် ထည့်ပြီး ဆင်တုံးမနွယ်မှုန့်နှင့် နည်းနည်းချင်း သမအောင် နယ်ပါ။ ဆေးမှုန့်လက်ဖက်ရည်ပန်းကန်လုံး(၃)လုံးခန့်လိုပါသည်။ ဆီးကင်းခန့်အရွယ် ဆေးလုံးလေးများကို နေလှန်းပြီးလေလုံပုလင်းတွင်ထည့်၍ ထားကာ နေ့စဉ်(၃)လုံး စားပါ။ Read more
ကြွက်နို့သတ်နည်း July 01, 2019 ၁။ ကြွက်နို့သတ်ရန် ရှေးဦးစွာ ဆီးဖြူခက် ခုနစ်ခက် ခူးပါ။ ဆီးဖြူခက်အရွက်ရင့်လေ ကြွက်နို့အမြန်ပျောက်လေ ဖြစ်သည်။ ၂။ ယင်းဆီးဖြူခက် ခုနစ်ခက်ကို မှောက်လိုက်၊ လှန်လိုက် ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန် ထပ်ပါ။ ၃။ ဆီးဖြူခက်အထပ်ကို ဝါးနှီးဖြင့် ခုနစ်ပတ်ပတ် ပြီး ချည်ပါ။ ၄။ ချည်ထားပြီးသော ဆီးဖြူခက်နှင့် ကြွက်နို့အမကြီး ကိုခုနစ်ချက်သပ်ချပေးပါ။ ၅။ အထူးသတိပြုရန်မှာ ဆီးဖြူခက်ခုနစ်ခက်ကို မှောက်လိုက်၊ လှန်လိုက်၊ထပ်သည့်အခါ ဝါးနှီးဖြင့် ခုနစ်ပတ်ပတ်ချည်သည့်အခါ နှင့် ကြွက်နို့အမကို ခုနစ်ချက်သပ်ချသည့် အခါများ တွင် အသက်အောင့်ထားပါ။ ၆။ ကြွက်နို့အမကို သပ်ချပြီးသော ဆီးဖြူခက်များကို ကြွက်နို့ရှင်က ၎င်း၏ အိမ်လှေကား အတက်အဆင်းခေါင်မိုးတွင် လက်ကို နောက်ပြန်ထိုးစိုက်ပါ။ Read more
Comments
Post a Comment