ရှားစောင်းလက်ပတ်ပင် ရှင်သန်ကြီးထွားအောင် စိုက်ပျိုးနည်းနှင့် မုတ်ခါးထုတ်လုပ်နည်း

ရှားစောင်းလက်ပတ်ပင် ရှင်သန်ကြီးထွားစေရန် ပြာပုံပေးပါ။ ရေမဝပ်ရပါ။

မုတ်ခါးထုတ်လုပ်ပုံ

ဒန်ဇလုံဇောက်ကြီးကြီး(သို့မဟုတ်) သစ်စေးသုပ်ထားတဲ့ နှီးဗန်းစောက်ကြီးကြီးဖြစ်စေ၊ ရှာထားပါ။

ရှားစောင်းလက်ပတ်ပင်ကို လှီးတဲ့အခါမှ အလက်လေးများကို ဖဲ့လိုက်တဲ့အခါမှာ ပဲ့သွားတဲ့နေရာဖြစ်တဲ့ အရွက်အုံအပေါ် ကနေစုကိုင်လိုက်ပြီးတော့ ဓားပြတ်ပြတ်နဲ့လှီးတဲ့အခါမှာလည်း အလက်ကို စောင်းမလှီးရဘူး။ တည့်လှီးရတယ်.။

လှီးပြီးပြီးချင်း တစ်ခါတည်း ဇလုံးဗန်းစကာထဲကို အမြန်လေးထောင်ပြီး စိုက်ထားရမည်။ အဲဒီလိုပဲ တစ်ဆက်တည်း တစ်ပင်ပြီးတစ်ပင် ဆက်ကာဆက်ကာလှီးပြီးတော့ ထောင်ထား။ အပင်(၅၀) လောက်ဖြစ်ရမည်။ အဲဒီလို အပင်(၅၀) လောက်လှီးပါမှ ရှားစောင်းလက်ပတ်အရည် နို့ဆီဗူးနဲ့ ခြစ်ရင် တစ်လုံးရတယ်။

စောစောကပြောခဲ့တဲ့ ရှားစောင်းလက်ပတ်အပင်တွေကို (၁၅) မိနစ်ခန့်လောက်ဆိုရင် အရည်ဝါဝါ၊ စိမ်းစိမ်းလေးတွေ တဆက်မကျတော့ဘူး။ အလက်တွေကို ဘေးဖယ်ထားပါ။ မုတ်ခါးတစ်ပိဿာ ရဘိုရ နို့ဆီဘူး အလုံး(၂၀)လို အပ်ပါတယ်။

 ချက်နည်း

နေနဲ့ချက်လည်း ရတယ်။ လင်ဗန်းစကာတို့နဲ့ထည့်ပြီးလှန်းချက်ရတယ် ။ အချိန်ပေးပြီးချက်ရလို့ရက်ကြာကြာ လှန်းချက်ရမယ်။

မီးနဲ့ချက်နည်း

နို့ဆီဘူးအလုံး (၆၀) ဆန့်တဲ့ဒယ်အိုးတစ်လုံးထဲကို ထည့်ပြီး မီးနဲ့ကျိုရတယ်။ အချိန်အားဖြင့် (၄) နာရီလောက်ကြာတယ်။ ကျိုတဲ့အခါမှာ မီးထိုးတာ အရေးကြီးတယ်။ မီးများရင် မုတ်ခဲကြွပ်ဆတ်သွားမယ်။ အက်ကြောင်းလေးတွေ တင်မယ်။

မီးနည်းပြန်ရင်လည်း မုတ်ခဲစေးတွဲပြီး နေတတ်တယ်။
ကျိုချက်လို့ပြီး တဲ့အခါမှာ မိမိသဘောကျကြိုက်နှစ်သက်ရာပုံစံခွက်ထဲမှာ စက္ကူခံပြီးသွန်းလောင်း၊ အအေးခံထားပါ။

မုတ်ခါးစစ်စစ်တစ်ပိဿာ ကျပ်ငါးထောင်၊ခြောက်ထောင်ကျပ်ရှိတယ်။

Comments

Popular posts from this blog

ဆင်တုံးမနွယ်ဆေး

နှလုံးအားဆေး

ကြွက်နို့သတ်နည်း