မုတ်ရောဂါ ကုသနည်း မုတ်အမျိုးအစား ခွဲခြားနည်း

ကြက်ဆူရိုးနီရွက်ကို နွမ်းပျော့လာအောင် မီးကင်အပူပေးပြီး မုတ်ကို ထုတ်ပေးပါ။

၁။ ယားလာလျှင် သွေးမုတ်ဖြစ်သည်။
၂။ ပူလာလျှင် လေမုတ်ဖြစ်သည်။
၃။ အေးလာလျှင် ရေမုတ်ဖြစ်သည်။

လိုအပ်သည့်ဆေးအမည်နှင့် ဆေးဖော်နည်း

၁။ ပိန်းဥ
၂။ မျောက်ဥ
၃။ ကြွေဥ

ယင်းဥ(၃) မျိုးကို အညီအမျှစီယူ၍ ညက်အောင်အမှုန့်ပြုပြီး ဆေးတောင့်ကလေးများ ပြုလုပ်ပါ။ နေလှန်းခြောက်သွေ့လျှင် အဝကျယ်ဖန်ဘူးထဲထည့်ထားပါ။

သွေးမုတ်

ဆေးတောင့်ကို သွေး၍ ရှောက်ရည်နှင့် ရောစပ်ပြီး သွေးမုတ်မတစ်ခုလုံး နှံ့အောင် လိမ်းပေးပါ။

ထို့နောက် ကြေးဝါကို ရဲနေအောင် မီးမပူပေးကာ ကျွဲကျင်ယယ်ရည်ထဲနှစ်၍ အငွေ့ခံပါ။ အငွေ့ကုန်သွားလျှင် နောက်တစ်ခါထပ်ပြီး ကြေးဝါကို ရဲနေအောင် အပူပေး။ ကျွဲကျင်ငယ်ရည်ထဲ ပြန်နှစ်အငွေ့ထပ်ခံပါ။
သုံးကြိမ် လုပ်ပါ။

လေမုတ်

ဆေးတောင့်ကို သံပုရာရည်နှင့်ရောစပ်ပြီးလျှင် လေမုတ်တစ်ခုလုံး နှံ့အောင်လှမ်းပေးပါ။

ထို့နောက်ကြေးဝါကို ရဲနေအောင် အပူပေးပြီး မြင်းကျင်ငယ်ရည်ထဲနှစ် အငွေ့ခံပါ။ (၃) ကြိမ်လုပ်ပါ။

ရေမုတ်

ဆေးတောင့်ကို သွေး၍ စောင်းလျားရည်ဖြစ်ရောစပ်ပြီး ရေမုတ်တစ်ခုလုံး နှံ့အောင် လိမ်းပါ။

ကြေးဝါကို ရဲနေအောင် အပူပေး၍ နွားကျင်ငယ်ရည်ထဲနှစ်၍ အငွေ့ခံပါ။ (၃) ကြိမ်လုပ်ပါ။

Comments

Popular posts from this blog

ဆင်တုံးမနွယ်ဆေး

နှလုံးအားဆေး

ကြွက်နို့သတ်နည်း