Posts

Showing posts from July, 2019

ဆေးဖက်ဝင် စပါးကြီးသည်းခြေ

စပါးကြီးမြွေသည်-အဝါ၊ အညို၊ အနက် သုံးရောင် ရောယှက်နေသည်။ ၁၀ပေမှ ၃၀ပေထိ ရှည်သည် (၂၃) နှစ်ခေန့်အသက်ရှည်သည်။ စပါးကြီး အမသည် ဥ(၁၀၀)ခန့်ဥသည်။ ဥကောင်ကလေးများ ပေါက်သည်ထိ ဥကို ရစ်ပတ်စောင့်ရှောင်တတ်သည်။ စပါးကြီးမြွေနှင့်ဆင်တူ စပါးအုံးမြွေ ရှိသည် စပါးကြီး မြွေက အမြီးသွယ် ၍ အကွက်ဆက်သည်။ စပါးအုံးမြွေက အမြီးတို၍ အကွက်ပြတ်သည်။

လေအောင်ရောဂါ

ကြိတ်မှန်ရွက်၊ ကြောင်ပန်းရွက်၊ ရော၍ ရေထည့်။ နှစ်ဆယ့်ငါးကျပ်သား ကျန်း ကျိုပါ ။ ဆားပုပ်ခဲ (၁)ကျပ်သားရော၊ ပုလင်းထဲထည့်၊ ထမင်းစားပြီးတိုင်း လက်ဖက်ရည် တစ်ဇွန်းသောက်ပါ။

မီးယပ်ဖြူဆင်းရောဂါ

ခရမ်းကစော့ပဉ္စငါးပါးကို နုပ်နုပ်စဉ်း၊ လေးဆယ်သားခန့်ရေတစ်ပိဿာငါးဆယ်သားခန့် ထက်ဝက်ခန်းအောင်မြေအိုးနှင့်ကျိုပါ။ စစ်ပါ။ အေးသော အခါ ပျားရည်စစ်စစ်တစ်ဆယ်သားထည့်ပါ။ အကြမ်းပန်းကန် တစ်ဝက်ခန့်တစ်နေ့နှစ်ကြိမ် သောက်ပါ။

ချောင်းဆိုးပျောက်ဆေး

ချင်းစိမ်းသတ္ထုရည်နှင့် ပျားရည်အနည်းငယ် ရောစပ်လျပ်ပေးပါ။

ဆီးရောဂါအတွက် ဆီးဆေး

ဆန်ဆေးသော ဒုတိယဆန်ဆေးရည်အား ဇလုံသန့်သန့်တစ်ခုထဲထည့်ပါ။ အကြည်ခံထားပါ။ ဆန်ဆေးရည် ၅၀ ကျပ်သားဝင် ပုလင်းတစ်လုံးထဲထည့်ပါ။ သကြား ၁၅ကျပ်သား ထည့်ပါ။ သံပရာသီးတစ်လုံးအရည်ညှစ်ထည့်ပါ။ ပုလင်းအဖုံးအားလုံအောင်ပိတ်၍ တစ်ညအိပ်ထားပါ နံနက်မိုးလင်းသောအခါ ပုလင်းကို မလှုပ်ဘဲ ရေငတ်တိုင်းသောက်ပါ။ ဆီးအောင့်၊ သွေးပါ၊ ပြည်ယိုခြင်းပျောက်၏ ။

ဆီးအိမ်ကျောက်တည်ပျောက်ဆေး

ဝက်သား ငါးဆယ်သား၊ဗေဒါရွက် နှစ်ဆယ်ကျပ်သား ချက်စားပါ။ ဆီးကျောက်ကျမည်။ ဆီးရောဂါ+ဆီးကျောက်တည် ဖရဲသီးစားပေးပါ။

နှင်းခူအစို အတွက် နှင်းဆီရွက်

နှင်းဆီရွက်ကို အခြောက်လှန်းပါ (နှင်းဆီအနီပိုကောင်း၏) ခြောက်သွားလျှင်ပြာချ၍ အုန်းဆီနှင့်ဖျော် ၊နှင်းခူအစိုပေါ် တစ်နေ့(၂)ကြိမ် လိမ်းပေးပါ။

ကလေးများ အစာမကြေ ဝမ်းပျက်ခြင်း ပျောက်စေရန်

၁။ မာလကာခေါက်                                             (၅)ကျပ်သား ၂။ မာလကာမြစ်                                                  (၄)ကျပ်သား ၃။ ဇဝက်သာ                                                      (၁)ကျပ်သား ၄။ သန္ဓောဆတား      ...

ကလေးချွဲကြေ၊ချွဲကျဆေးနည်း

ဒန်းကျွဲရွက်ညက်အောင် ကျိတ်ပြီး နှမ်းဆီစစ်စစ် နဲ့ရောဖျော် ကလေးရင်ဘတ်ကနေ ဝမ်းဗိုက်အထိသပ်ချလိမ်းပေးပါ။

က္ကတ္ထိရတန အားဆေး

၁။ ဇာတိပ္ဖိုလ်သီး ၂။ ဇာတိပ္ဖိုလ်ပွင့် ၃။ နံ့သာဖြူ ၄။ နံ့သာနီ ၅။ ထိမ်ပွင့် ၆။ ပန်းမ ၇။ ပဲနံ့သာ ၈။ သစ်ကြပိုး ၉။ ကန့်ပလူ ၁၀။ ပန်းဥ ၁၁။ စန္ဒကူးနီ ၁၂။ ဒန့်သလွန်ပွင့် ၁၃။ ပရုတ် ၁၄။ ဇဝက်သာ ၁၅။ လေးညှင်း ဆေးမည်(၁၅)မျိုး၊ ဆေးအမည်တစ်မျိုးကို (၁)ကျပ်သားစီစုပြီး၊ အမှတ်စဉ် (၇) ပဲနံ့သာကို အစိမ်းတိုင်း မထည့်ဘဲလှော်ပြီး ထည့်ပါ။  အမှုန့်ပြု၊ ဆီးကင်းခန့်တစ်နေ့(၂)ကြိမ် သောက်ပါ။ မီးယပ်ရောဂါ၊ အာရုံကြောရောဂါ၊ ဆန္ဒအားနည်းရောဂါများ ပျောက်ကင်းသည်။

တပင်ရွှေထီးပင် အသုံး

ပင်းတယ၊အောင်ပန်း၊ပြင်ဦးလွင်၊ ပျဉ်းမနားဘက်တွေမှာ ပေါပါတယ် ။ တောထဲမှာ အလေ့ကျပေါက်ပါတယ်။ အုံလိုက်ကျင်းလိုက်ပေါက်တတ်ပါတယ်။ ဥကလေးရှိပြီး တစ်နှစ်ပဲခံတတ်ပါတယ်။ တစ်နှစ်ကြာရင်အပင်ကျသွားပြီး နောက်နှစ်ကျတော့ မြေထဲမှာ ကျန်နေရစ်တဲ့ ဥကနေ အပင်သစ်ကလေး ပေါက်လာပါတယ်။ အပင်တရိုးတံတစ်ခုတည်းမှာ အရွက်ဝန်းဝန်းကြီး တစ်ရွက်ထဲရိှပါတယ်။ အရွက်ကထီးနဲ့ သဏ္ဏာန်တူပြီး အကြောတွေရှိပါတယ်။ အရွက်ကပါးပြီး နူညံ့ပါတယ်။ ပဉ္စငါးပါးဆေးအဖြစ်သုံးပါတယ်။ အနာ ၊အဖုအကျိတ်တွေ ကင်ဆာအဖုအကျိတ်တွေမှာ ဆေးပင်ကို ထောင်းပြီး အုံပါတယ်၊ အရွက်သတ္ထုရည်ကိုလည်း လိမ်းပေးနိုင်ပါတယ်။ မီးပူလောက်နာ၊ ပြည်တည်နာတွေအတွက် လည်း အုံဆေးသာမက စားဆေးအဖြစ်ပါ သုံးပါတယ်။ မီးယပ်ရောဂါ ၊ဆီးရောဂါ၊ဒူလာသွေးဝမ်း၊ မီးယပ်သွေးဝမ်းနဲ့၊ဝမ်းကိုက်ရောဂါ တွေ ပျောက်နိုင်ပါတယ်။ အဆုတ် ရေပြွန်ရောင်ပြီး ချောင်းဆိုးခြင်း ၊ချောင်းဆိုးသွေးပါခြင်း၊လည်ချောင်းနာခြင်းတွေလဲ ပျောက်ပါတယ်။ အချို့အရပ်တွေမှာ ဂမုန်းကလပ်လို့ခေါ်ပါတယ်။ ရုက္ခဗေဒ၊အမည် (Jatropha podaorica) လို့ခေါ်ပါတယ်။ ဂျွတ်ဆင်ပင်၊ နေကြာကလေး၊ဝက်စာပင်စသည် ဖြင့် ခေါ်ပါတယ်။

ရှားစောင်းလက်ပတ်ပင် ရှင်သန်ကြီးထွားအောင် စိုက်ပျိုးနည်းနှင့် မုတ်ခါးထုတ်လုပ်နည်း

ရှားစောင်းလက်ပတ်ပင် ရှင်သန်ကြီးထွားစေရန် ပြာပုံပေးပါ။ ရေမဝပ်ရပါ။ မုတ်ခါးထုတ်လုပ်ပုံ ဒန်ဇလုံဇောက်ကြီးကြီး(သို့မဟုတ်) သစ်စေးသုပ်ထားတဲ့ နှီးဗန်းစောက်ကြီးကြီးဖြစ်စေ၊ ရှာထားပါ။ ရှားစောင်းလက်ပတ်ပင်ကို လှီးတဲ့အခါမှ အလက်လေးများကို ဖဲ့လိုက်တဲ့အခါမှာ ပဲ့သွားတဲ့နေရာဖြစ်တဲ့ အရွက်အုံအပေါ် ကနေစုကိုင်လိုက်ပြီးတော့ ဓားပြတ်ပြတ်နဲ့လှီးတဲ့အခါမှာလည်း အလက်ကို စောင်းမလှီးရဘူး။ တည့်လှီးရတယ်.။ လှီးပြီးပြီးချင်း တစ်ခါတည်း ဇလုံးဗန်းစကာထဲကို အမြန်လေးထောင်ပြီး စိုက်ထားရမည်။ အဲဒီလိုပဲ တစ်ဆက်တည်း တစ်ပင်ပြီးတစ်ပင် ဆက်ကာဆက်ကာလှီးပြီးတော့ ထောင်ထား။ အပင်(၅၀) လောက်ဖြစ်ရမည်။ အဲဒီလို အပင်(၅၀) လောက်လှီးပါမှ ရှားစောင်းလက်ပတ်အရည် နို့ဆီဗူးနဲ့ ခြစ်ရင် တစ်လုံးရတယ်။ စောစောကပြောခဲ့တဲ့ ရှားစောင်းလက်ပတ်အပင်တွေကို (၁၅) မိနစ်ခန့်လောက်ဆိုရင် အရည်ဝါဝါ၊ စိမ်းစိမ်းလေးတွေ တဆက်မကျတော့ဘူး။ အလက်တွေကို ဘေးဖယ်ထားပါ။ မုတ်ခါးတစ်ပိဿာ ရဘိုရ နို့ဆီဘူး အလုံး(၂၀)လို အပ်ပါတယ်။  ချက်နည်း နေနဲ့ချက်လည်း ရတယ်။ လင်ဗန်းစကာတို့နဲ့ထည့်ပြီးလှန်းချက်ရတယ် ။ အချိန်ပေးပြီးချက်ရလို့ရက်ကြာကြာ လှန်းချက်ရမယ်။ မီးနဲ့ချက်နည်း နို့ဆီဘူးအလုံး (၆၀) ဆန့်တဲ့...

အိုမင်းရင့်ရော်ကာကွယ်၊ဆံပင်နက်၊ ကာမအားဆေး

၁။ သစ်ဆိမ့်သီးမှုန့်                                                   ၆-ကျပ်သား ၂။ ဆီးဖြူသီးမှုန့်                                                          ၄-ကျပ်သား ၃။ ကြစုသီးမှုန့်                                               ...

အဆီကျ၊အသားကျစ်၊ ဆံပင်နက်

သစ်ဆိမ့်သီးမှုန့်(၆)ကျပ်သား၊ ဆီးဖြူသီးမှုန့်(၄)ကျပ်သား၊ကြစုသီးမှုန့်(၂)ကျပ်သား၊ ရှောက်သီး(၁)လုံးပြုတ်၍ သမအောင် ရောမွှေပြီး ညစဉ်ကော်ဖီဇွန်းတစ်ဇွန်းခန့်မှန်မှန်စားပေးပါ။

အဝလွန်သူများ

သစ်ဆိမ့်သီးကို အမှုန့်ပြု၍ ရှောက်သီး တစ်လုံး နူးအောင်ပြုတ်ပြီး သစ်ဆိမ့်သီးမှုန့်(၂၅)ကျပ်သား၊ ထန်းလျက်(၁၀)ကျပ်သား တို့ကို ထည့်၍ သမအောင် ရောမွှေပြီးနေ့စဉ် ညဘက်မှာ  ကော်ဖီတစ်ဇွန်းမှ နှစ်ဇွန်းစားပေးပါ။

မျက်စိရောဂါ

သစ်ဆိမ့်သီးအမှုန့်ကို ပျားရည်နှင့်တေပြီး ညတိုင်းကော်ဖီဇွန်းတစ်ဇွန်း မောက်မောက် စားပေးပါ။ ဆီးမှန်၊ဝမ်းမှန်သည်။

နှလုံးရောဂါ

သစ်ဆိမ့်ဆန်မှုန့်၊သကြား၊ ပျားရည် ဆတူရောမွှေပြီး နေ့စဉ် နံနက်၊ နေ့၊ည (၃)ကြိမ် ရွေးကြီး(၃)စေ့မှ (၅)စေ့ မှန်မှန်စားပါ။

သစ်ဆိမ့်နှင့် ကိုယ်တွေ့ဆေးအသုံး

ဆံပင်ဖြူ၊ဆံပင်ကျွတ်၊ ဆံပင်ပိုးစား၊ဆံပင်ပါး၊ ထိပ်ပြောင်၊ဆံပင်မသန်ခြင်း ၁။ သစ်ဆိမ့်အဆန်မှုန့်                                   ၁၀-ကျပ်သား ၂။ ပျားရည်                                                  ၂-ကျပ်၊၈-ပဲ ၃။ ထောပတ်                                                 ၂-ကျပ်၊၈-ပဲ ရောမွှေပြီး ရွေးကြီးစေးခန့်လုံး၍ နံနက်အိပ်ရာထ တစ်ကြိမ်၊ ညအိပ်ရာဝင်တ...

ခရုသင်းအဖြူနှင့် ကိုယ်ရေပြားရောဂါအတွက် ဆေးပင်

လောက်မင်းပင်မှာ အရွက်ဝိုင်း၍ ထိပ်ချွန်သည်။အရွက်ကြောပိုင်းကြမ်းသည်။ အမြင့်တစ်တောင့်ထွာခန့်သာရှိသည်။ လောက်မင်းဥမှာ ဂျူးမြစ်ဥနှင့်တူသည်။ ခရုပတ်သဏ္ဏာန် အထပ်လိုက်ဥသည်။ အပင်တစ်ပင်တွင် လောက်မင်းဥ တစ်မြုံလုံး(၈၀)ကျပ်သား ခန့်ရရှိသည်။ ယင်းလောက်မင်းဥကို ပြုတ်၍ ပေါင်းခံချွေးကိုယူပြီး ခရုသင်း၊ သမင်ဖြူနီများဖြစ်သော သူအားလိမ်းပေးပါက နှစ်ကြိမ်၊သုံးကြိမ်လိမ်းရုံဖြင့် အဖတ်လိုက်ကွာ ကျပြီး သက်သာစေပါသည်။ ထိုသို့လိမ်းရာ၌ သမင်ဖြူဖြစ်သော နေရာကိုသာလိမ်းရမည်။ အခြားနေရာကို လိမ်းမိပါက အပူလောင်တတ်သည်။ ပွေး၊နှင်းခူနှင့်ကိုယ်ရေကြားတွင်ဖြစ်သော ယားယံအနာများအတွက် ပိုးကို သေစေပြီး လျင်မြန်စွာ ပျောက်သည်။ ပေါင်းခံချွေးကို စားသောက်၍ မရပါ။ မှတ်ချက်။       ။ မှော်ဘီမြို့နယ်၊ ပါးနက်ချောင်းရေတာရှည် ကျေးရွာအုပ်စု၊ ကော်ခြံအမှတ်(၁) ကျောက်ပြားစက်ရုံစခန်းနှင့် လေးမိုင်ကွာ တောင်တစ်လုံးတောင်နှင့် ပုရွက်ဆိတ်ကုန်းမှရသည်။

အနာမီးလျှံနာ ကုသပုံဆေးချက်

၁။ ကုက္ကိုခေါက် ၂။ ကံ့ကော်ဝတ်ဆံ ၃။ မြက်မွေးအမည်း ၄။ ကရမတ်အမှုန့် အမှုန့်ပြုလုပ်ပါ။ တိုင်းရင်းဆေး (၄၇)အုန်းဆီနှင့်ဖျော်လိမ်းပါ။ တိုင်းရင်းဆေး(၁၆) ၄-နာရီခြား တိုက်ပါ။ တိုင်းရင်းဆေးနံပါတ(၁၁) မုတ်ကဲဆေးညအိပ်ရာဝင် မန်ကျည်းစေ့(၃)စေ့ခန့်တိုက်ပါ။

လက်တွေ့အနာပေါက် ပျောက်ဆေး

၁။ မဖောက်ထုံး                                               ၁-မဿာ ၂။မြေဖြူ                                                            ၁-ပိဿာ ၃။ ဆပ်ပြာကြမ်း                                              ၁-ပိဿာ ၄။ ကန့်ဝါ     ...

ဆီးအောင့်ကျောက်တည်ပျောက်ဆေး

၁။ ကြက်သွန်နီ                                                   ၅-ကျပ်သား ၂။ ရှားစောင်းလက်ပတ်                                    ၁၀-ကျပ်သား ၃။ မန်ကျည်းမှည့်ရည်အနှစ်                             ၁၀-ကျပ်သား ၄။ ငုနှစ်                                     ...

ကလေးသူငယ်များ မျက်စိဒဏ်နာလိမ်းဆေး

တောကြက်မောက်ဆူးပင်အမြစ်၊ မန်ကျည်းပင်နီအခေါက် (၂) ဥကိုဆားနဲ့ သွေးပြီး မျက်လုံးတစ်ဝိုက်ကို ထူထူ လေးလိမ်းပေးပါ။ မျက်စိထဲမဝင်ပါစေနှင့်။ အပေါ်ယံမျက်ခွံပဲလိမ်းပေးပါ။

လေမဖြတ်၊ လေမဖြန်းရန် ကာကွယ်နည်း

အရည်ရွှမ်းသော ရှောက်သီးတစ်လုံးကို ထက်ခြမ်းခွဲ၍ တစ်ခြမ်းကို မြေမြှုပ်ပစ်လိုက်ပါ။ ကျန်တစ်ခြမ်းကို ပါးပါးလှီးကာ ငရုတ်ကောင်းသက်စေ့ဖြင့်အမှုန့်ထောင်းပြီးစားပါ။ သုံးလတစ်ကြိမ်၊ငါးလတစ်ကြိမ် စားပါ။

သွေးအားနည်းရောဂါ

ခါကြက်ဥ(အစိမ်းကြော်၊ကြော်ရာ၌ သုံးသောဥ) တစ်လုံးကို ရေစင်အောင်ဆေးပြီး ပျားရည်စစ်စစ်နဲ့တို့စားပါ။ တစ်နေ့ခါကြက်ဥတစ်လုံးကုန်အောင်စားပါ။

ကိုယ်ဝန်ဆောင်နေစဉ် တစ်ကိုယ်လုံး ရောင်ဖောနေသော် သောက်ဆေး

၁။ ငရုတ်ကောင်း                                           ၅-ကျပ်သား ၂။ ပိတ်ချင်း                                                   ၅-ကျပ်သား ၃။ ကန့်ချုပ်နီ                                                  ၅-ကျပ်သား ၄။ဆားလှော (အိမ်သုံးဆား)         ...

နှလုံးအားဆေး

၁။ကုံကမံ                                                                  ၄-ပဲသား ၂။ကံ့ကော်ဝစ္ဆံ                                                      ၁-ကျပ်သား ၃။ ကန့်ပလူဥ                                          ...

အကြောသေ၊ပန်းသေ၊ပန်းညှိုး ပျောက်ဆေး

၁။ ခရမ်းချိုမြစ်                                              ၁-ကျပ်သား ၂။ မြေပုံခရမ်းမြစ်                                          ၁-ကျပ်သား ၃။ ခရမ်းကစောမြစ်                                      ၁-ကျပ်သား ၄။ ဆင်ခရမ်းမြစ်                           ...

အစာကြေ သွေးအန် အစာအိမ်အားဆေး

၁။ ဆန်လွတ်နနွင်း                                           ၂-ကျပ်သား ၂။ အိန္ဒိယနွယ်ချို                                             ၄-ကျပ်သား ၃။ အမှတ်(၃၂) နန်းတွင်းလျှာပွတ်ဆေး                  ၁-ကျပ်သား ဆေး(၃)မျိုး (၇)ကျပ်သား အမှုန့်ပြုပြီး ပျားရည်နှင့်တေပါ။ ရွေးကြီးစေ့ခန့်လုံးပါ၊ အခြောက်လှန်းပါ။ လူကြီး(၄)လုံး၊ကလေးချိန်ဆတိုက်ပါ။

လသားအရွယ် ကလေးငယ်များ လေဝမ်းမကွဲ လေချုပ်၍ အော်ငိုနေပါက

လက်ခလယ်လက်ဖြင့် ဆေးကို တို့ယူကာချက်အလယ်တစ်ကြောင်း၊ချက်ထက်တစ်ကြောင်း၊ချက်အောက်တစ်ကြောင်း၊ ကန့်လန့်ဖြတ် (မျဉ်းသဏ္ဏာန်)သုံးချောင်း ဆွဲပေးလိုက်ပါ။ တစ်နည်း ဆိပ်ဖူူး လင်းနေ ကန့် က္ကဿရမူလီ ရှိန်းခို (၆)မျိုးကို အမျှစီကြိတ်၍ အတောင့်လုပ်ထားပါ။ ဝမ်းဖော၊ ဝမ်းရောင် ရေနံဆီနှင့် ဖျော်လိမ်းပါ။ ဆီးသက်စေသော အပင်များ ၁။ ဆူးလေပင်(ပဉ္စငါးပါး) ၂။ပရန္နဝါ(အနီပိုကောင်း)(ပဉ္စငါးပါး) ၃။ ကုလားမျက်စိ(ပဉ္စငါးပါး) ၄။ လိပ်ဆူးရွှေ(အရွက်၊ပဉ္စငါးပါး) ၅။ ဟင်းနုနွယ်ဆူးပေါက်(အရွက်၊အမြစ်) ၆။ ထိကရုံးဆူးပေါက်(အမြစ်၊ပဉ္စငါးပါး) ၇။ အလိုကျူ(အမြစ်) ၈။ စိန္န ဘော်(မြန်မာ)(အမြစ်) ၉။ ပေါက်(အခေါက်၊အပွင့်၊ အစေး၊အစေ့) ၁၀။ လိပ်ကျောက်ဆူး (ပြာချ) ၁၁။ ယောက်သွားခုံး(ပြာချ) ၁၂။ ယမ်းစိမ်း(အတိုင်းအတာ မပိုလွန်ရ)

ကလေးများ ဝမ်းဖောဝမ်းရောင်လိမ်းဆေး

ဆိပ်ဖူး လင်းနေ ကန့် ဆေးဒန်း က္ကဿရမူလီ ရှိန်းခို မြက်မုန်ညင်း (၇) မျိုး အမျှစီကြိတ်၍ ရောကာ အုန်းဆီဖြင့် လိပ်းပေးပါ။

ရင်ကျပ်ပန်းနာ၊ အဆုတ်နာပျောက်ဆေး

တပင်ရွှေထီး (သို့မဟုတ်) နေရာကအပင်၏ ပဉ္စငါးပါးကို အစိမ်းလိုက်ယူ၍ ရေစင်စင် ဆေးပြီး ရေနွေးပွက်ပွက် ဆူတွင် လက်ဖက်ခြောက်သကဲ့သို့ခက်ပြီးသောက်ပါ။

ဂရင်ဂျီနာ

ဂူနာ ၊ လေနာ၊ ဖျဉ်းနာ၊ ဆီးဝမ်းချုပ်နာ၊ ချက်အောက်အလုံးဖြစ်သော အနာ၊ ကျောကုန်းမီးညောင့်ရိုးတို့၌ ထိုးကျင့်အောင့်သောအနာ ၊ခါးတောင့်ခိုင်သောအနာ၊ ကိုယ်ရောင်နာ၊ သွေးစုနာအနာပဆုပ်၊ အင်ပျဉ်ထသောအနာ။ နွယ်သာကီမြစ်မှုန့်၊ အခေါက်မှုန့်အားကြက်ဆူဆီနှင့်ချက်ပြီးလိမ်းပေးပါ။ အဆိပ်ရှိသော မြေကင်းကိုက်လျှင် နွယ်သာကီအရွက်ကိုထောင်း၍ အရည်ညှစ်ထည့်ခြင်း၊အုံပေးခြင်း ပြုလုပ်ပါ။ အဆိပ်ရှိသော မြေကင်းကိုက်လျှင် နွယ်သာကီအရွက်ကိုထောင်၍ အရည်ညှစ်ထည့်ခြင်း၊ အုံပေးခြင်းပြုလုပ်ပါ။

နှလုံးရောဂါကြောင့် ခြေဆစ်လက်ဆစ် ကိုက်ခဲခြင်း

နွယ်သာကီအနီ၊ အေညို မြစ်မှုန့် အခေါက်မှုန့်အား ကြက်ဆူဆီနှင့် ချက်၍ လိမ်းပေးပါ။

အကိုက်အခဲ

နွယ်သာကီအနီအပွင့်၊ အညိုပွင့်ရှိသော အပင်တို့၏ အမြစ်များကို ရေနှင့် သွေးလိမ်းပါ။

ခေါင်းကိုက်

နွယ်သာကီမြစ်ရေနှင့်သွေး၍ ဦးခေါင်းနှင့် နားထင်များပေါ် ပွတ်လိမ်းပေးပါ။

အပူအပြင်းဖျား

လူနာ၏ နား၊ နားထင် ချက်အပေါ် လက်နှစ်သစ် ခန့်နေရာတို့ကို နွယ်သာကီမြစ်ရေနှင့် သွေးလိမ်းပေးပါ။

အနာအဖု အကျိတ်များ

နွယ်သာကီမြစ်မှုန့်(၃)ဆ၊ တပင်တိုင်မြနန်းမြစ်မှုန့်(၂)ဆ၊ဆေးအိုးပုတ်မြစ်(၂)ဆ၊ သစ်ကြပိုးခေါက်(၁)ဆတို့ကို သံပုရာရည်နှင့် ရေနွေးရောစပ်ပြီး ပျစ်ပျစ်ဖျော်၍ အနာ၊ အဖု အကျိတ်များပေါ်မှာ လိမ်းပေးပါ။

ကင်ဆာခေါ် မြစ်ပွားနာ

နွယ်သာကီမြစ်မှုန့်ကို သံပုရာရည်နှင့် ရေကျက်အေးဆတူရော၍ ပျစ်ပျစ်ဖျော်ပြီးအပေါ် မှကွမ်းရွက်ကပ်ပေးပါ။

အဖုအကျိတ် အလုံးအကျိတ်နာများ

နွယ်သာကီမြစ်မှုန့်(၂)ဆ၊ သစ်ကြပိုးခေါက် (၁) ဆရောစပ်၍ ဆားအနည်းငယ်ထည့်ပြီး ရေနှင့်ပျစ်ပျစ်ဖျော်၍ အနာကျိတ်ပေါ်အုံပေးပါ။ ထိုဆေးပေါ်မှ အရွက်စိမ်းတစ်ခုခု ကပ်ထားပေးပါ။ ဆေးစိုနေရင် ဖြစ်သည်။

ပေါင်ရင်းသက်တန့်၊ချိုင်းကြား ကိန္နရာအနာစိမ်း

နွယ်သာကီမြစ်ကို သွေးလိမ်းပေးပါ။

လေတအေေ့အေ့ အန်ရောဂါ

အမြစ်မှုန့်ကို ကြက်ဆူဆီ နှင့်ချက်၍ တစ်ကိုယ်လုံးလိမ်းလျှင် ပျောက်၏ ။

ဒူလာမြင်းသရိုက်

နွယ်သာလီအမြစ်မှုန့်ကို အုန်းဆီနှင့်စိမ်ပြီး လိမ်းပေးပါ။

ဝမ်းသွားခြင်း၊ ဆီးသွန်ခြင်း

နွယ်သာကီအဖြူ ပွင့်၏ အမြစ်မှုန့်ကို နှမ်းဆီနှင့်ရောစပ်ပြီးချက်။ ဆီးခုံထိ လိမ်းပေးပါ။

နွယ်သာကီ၏ လက်တွေ့ကုထုံးများ

နွယ်သာကီသည် ပန်းပင်တစ်မျိုးဖြစ်ပြီး ချုံနွယ်အမျိုးအစားဖြစ်သည်။ အမြင့်(၆)ပေ ဝန်းကျင်ရှိသည်။ အပွင့်၊ နီ၊ ဖြူ၊ ဝါ၊ ပန်းရောင်၊ ညိုရောင် အမျိုးမျိုးကွဲသည်။ အရောင်အဆင်းလိုက် ဆေးဖက်ဝင်သည့် အဆိပ်ပြင်း၍ သောက်ဆေး မသုံးရပါ။ ပန်းအဆုပ်လိုက်ပွင့်သည်။ အညိုရောင်နှင့် အဝါရောင်မှာ အနံ့ရှိပြီး ကျန်သောအရောင်တို့မှာ အနံ့မရှိပါ။ အပွင့်မှာ ခေါင်းလောင်းပုံဖြစ်ပြီး အရွက်မှာ သေးသွယ်ရှည်လျားသည်။ နွယ်သာကီအပွင့်ဖြူနှင့် အပွင့်ညိုပင်တို့က ပို၍ ဆေးစွမ်းထက်သည်။ နွယ်သာကီကို လိမ်းဆေးအဖြစ်သာ သုံးရပါမည်။

အရသာထူးကဲတဲ့အမဲသားပေါင်း

အမဲသားအစိတ်သား ဓားဖြင့်နုပ်နုပ်စဉ်းပါ။ ပိန္နဲသီးအစေ့ (၂၅) စေ့ ကျက်အောင်ပြုတ်၍ ငရုတ်ဆုံဖြင့် ညက်အောင် ထောင်းပါ။ ဆားအနေတော်၊  ချင်းအနည်းငယ်၊ ကြက်သွန်ဖြူ အနည်းငယ်၊ နနွင်းမှုန့်ဆီးကင်းခန့်၊ ငရုတ်သီးမှုန့်ဆီးကင်းခန့်၊မဆာလာအနည်းငယ်၊ ဟင်းခတ်မှုန့်အနည်းငယ်တို့ကို ရော၍ ငရုတ်ဆုံဖြင့် ထောင်းပါ။ ညက်ပြီဆိုပါက အမဲသားနုပ်နုပ်စဉ်း၊ ပိန္နဲသီးစေ့ပြုတ်တောင့်တို့နှင့် ရောနယ်ပြီး ပေါင်းချောင်ထဲသို့ထည့်၍ ပေါင်းပါ။ မှတ်ချက်။     ။ အမဲသားမစားသူများ ဆိတ်သားနှင့်လုပ်စားနိုင်ပါသည်။ ဆိတ်နံ့မနံအောင် ရှောက်သီး ( သို့မဟုတ်) သံပုရာသီးဖြင့်နယ်၍ ထွက်လာသော အရည်ကို သွန်ပစ်ပါ။

မီးယက်ဖြူဆင်းလျှင်

မကျည်းစေ့ကို (၁၂) နာရီခန့်ရေတွင် စိမ်၍ အခွံကို ခွာပစ်ပါ။ အဆန်ကို နွားနို့နှင့်ကြိတ်ပါ။ တစ်ကြိမ်(၄)ပဲသား နံနက်၊ ည(၂)ကြိမ် သောက်ပါ။

အကျိပ်ပသိ ကုသနည်း

ထုံးကို ကွမ်းရိုးနှင့်တို့၍ အစက်ချပြီး ဝိုင်းပါ။ ထုံးအစက်ချပြီးလျှင် ၎င်း အဝိုင်းတွင် ကြက်ခြေခတ်လိုက်ပါ။ ကြက်ခြေခတ်လေးကွက်ရလျှင် (၄)ဂဏန်း(၄)လုံး အမြီးဆိုင်၍ ရေးပါ။ တစ်နေ့တစ်ခါ လုပ်ပါ။ (၃) ရက်လုပ်ပါ။

မုတ်ရောဂါ ကုသနည်း မုတ်အမျိုးအစား ခွဲခြားနည်း

ကြက်ဆူရိုးနီရွက်ကို နွမ်းပျော့လာအောင် မီးကင်အပူပေးပြီး မုတ်ကို ထုတ်ပေးပါ။ ၁။ ယားလာလျှင် သွေးမုတ်ဖြစ်သည်။ ၂။ ပူလာလျှင် လေမုတ်ဖြစ်သည်။ ၃။ အေးလာလျှင် ရေမုတ်ဖြစ်သည်။ လိုအပ်သည့်ဆေးအမည်နှင့် ဆေးဖော်နည်း ၁။ ပိန်းဥ ၂။ မျောက်ဥ ၃။ ကြွေဥ ယင်းဥ(၃) မျိုးကို အညီအမျှစီယူ၍ ညက်အောင်အမှုန့်ပြုပြီး ဆေးတောင့်ကလေးများ ပြုလုပ်ပါ။ နေလှန်းခြောက်သွေ့လျှင် အဝကျယ်ဖန်ဘူးထဲထည့်ထားပါ။ သွေးမုတ် ဆေးတောင့်ကို သွေး၍ ရှောက်ရည်နှင့် ရောစပ်ပြီး သွေးမုတ်မတစ်ခုလုံး နှံ့အောင် လိမ်းပေးပါ။ ထို့နောက် ကြေးဝါကို ရဲနေအောင် မီးမပူပေးကာ ကျွဲကျင်ယယ်ရည်ထဲနှစ်၍ အငွေ့ခံပါ။ အငွေ့ကုန်သွားလျှင် နောက်တစ်ခါထပ်ပြီး ကြေးဝါကို ရဲနေအောင် အပူပေး။ ကျွဲကျင်ငယ်ရည်ထဲ ပြန်နှစ်အငွေ့ထပ်ခံပါ။ သုံးကြိမ် လုပ်ပါ။ လေမုတ် ဆေးတောင့်ကို သံပုရာရည်နှင့်ရောစပ်ပြီးလျှင် လေမုတ်တစ်ခုလုံး နှံ့အောင်လှမ်းပေးပါ။ ထို့နောက်ကြေးဝါကို ရဲနေအောင် အပူပေးပြီး မြင်းကျင်ငယ်ရည်ထဲနှစ် အငွေ့ခံပါ။ (၃) ကြိမ်လုပ်ပါ။ ရေမုတ် ဆေးတောင့်ကို သွေး၍ စောင်းလျားရည်ဖြစ်ရောစပ်ပြီး ရေမုတ်တစ်ခုလုံး နှံ့အောင် လိမ်းပါ။ ကြေးဝါကို ရဲနေအောင် အပူပေး၍ နွားကျင်ငယ်ရည်ထဲနှစ်၍ အငွေ့ခံပါ။ (၃) ကြိမ်လုပ်ပါ။

အနာမီး၊ အနာလျှံ

မြန်မာကုက္ကို ခေါက် ရေစင်စင်ဆေး၍ ဆန်ဆေးရည်နှင့် သွေးလိမ်းပါ။

သွေးဝမ်းကိုက်ခြင်းအတွက် မပူနဲ့

ကွမ်းရွက်ပေါ်မှာနနွင်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ပြီး ကွမ်းဝါးသလို ဝါးစားပါ။ ရေနွေးသောက်ပါ။ တစ်နေ့(၂)ကြိမ် စားပါ။

ပန်းနာရင်ကျပ်သလိပ်ကပ်ဆေး

၁။ အရက်ဦးရည် ၂။ ရှောက်ရည် ၃။ ပျားရည် ဆတူရောပြီး လေလုံဖန်ပုလင်းတစ်လုံးထဲထည့်။ တစ်ပတ်ခန့်နေပူလှန်း။ ဇွန်းလေးဖြင့် တစ်နေ့(၃)ကြိမ်တိုက်ပါ။

အဖောအရောင်ကျလိမ်းဆေး

ကြောင်ပန်းရွက်                                            ၁၀-ကျပ်သား နနွင်းခါး                                                     ၂၀-ကျပ်သား ဖျောက်ဆိပ်ခေါက်                                         ၁၀-ကျပ်သား အမှုန့်ပြု၍ သုံးမျိုးရောစပ်ထန်းလျက်အရက်စစ်စစ်နှင့်လိမ်းပေးပါ။

ဝမ်းရပ်တန့်စေသော ဆန်လှော်ရည်

ဆန်လက်တစ်ဆုပ်ကို ဒယ်အိုးကင်းတွင် ထည့်လှော်ပါ။ အညိုရောင်သန်းလာသောအခါ အသင့်ကျိုချက်၍ အအေးခံထားသော သောက်ရေခွက်ရေထဲသို့ပ ဆန်လှော်ကို လောင်းချလိုက်ပါ။ ရှဲကနဲ အငွေ့များပျံတတ်လာမည်။ ဝမ်းလျှော်သူအားမှုတ်သောက်ပါစေ။

ကြွက်နို့သတ်နည်း

၁။ ကြွက်နို့သတ်ရန်  ရှေးဦးစွာ ဆီးဖြူခက် ခုနစ်ခက် ခူးပါ။ ဆီးဖြူခက်အရွက်ရင့်လေ ကြွက်နို့အမြန်ပျောက်လေ ဖြစ်သည်။ ၂။ ယင်းဆီးဖြူခက် ခုနစ်ခက်ကို မှောက်လိုက်၊ လှန်လိုက် ဖင်တစ်ပြန်၊ ခေါင်းတစ်ပြန် ထပ်ပါ။ ၃။ ဆီးဖြူခက်အထပ်ကို ဝါးနှီးဖြင့် ခုနစ်ပတ်ပတ် ပြီး ချည်ပါ။ ၄။ ချည်ထားပြီးသော ဆီးဖြူခက်နှင့် ကြွက်နို့အမကြီး ကိုခုနစ်ချက်သပ်ချပေးပါ။ ၅။ အထူးသတိပြုရန်မှာ ဆီးဖြူခက်ခုနစ်ခက်ကို မှောက်လိုက်၊ လှန်လိုက်၊ထပ်သည့်အခါ ဝါးနှီးဖြင့် ခုနစ်ပတ်ပတ်ချည်သည့်အခါ နှင့် ကြွက်နို့အမကို ခုနစ်ချက်သပ်ချသည့် အခါများ တွင် အသက်အောင့်ထားပါ။ ၆။ ကြွက်နို့အမကို သပ်ချပြီးသော ဆီးဖြူခက်များကို ကြွက်နို့ရှင်က ၎င်း၏ အိမ်လှေကား အတက်အဆင်းခေါင်မိုးတွင် လက်ကို နောက်ပြန်ထိုးစိုက်ပါ။

အကြောအဆစ်ဆေးစည်းပေးတဲ့ဆေးနည်း

၁။ ထင်းရှူးဆီခဲ                                             ၂-ကျပ်သား ၂။ပရုတ်                                                         ၅-ကျပ်သား ၃။ ကရဝေး                                                     ၅-ကျပ်သား ၄။ သစ်ကြပိုး    ...

အကြောလိမ်းဆေးဆီ ဆေးနည်း

၁။ လေးညှင်းဆီ                                        ၅- အောင်စ ၂။ငရုတ်ကောင်းဆီ                                    ၅- အောင်စ ၃။ ယူကလစ်                                              ၅- အောင်စ ၄။ တစ်ပင်တိုင်                                 ...

အရိုးကိုအားပေးတဲ့နွားနို့အားဆေး

၁။ ကျောက်ဆေးဒန်း                                ၁-ဝကျပ်သား ၂။ နနွင်းခါး                                            ၁၀-ကျပ်သား ၃။ နွားနို့                                              ၁-ပိဿာ

သွေးသွန်၊ သွေးလွန်

မုရာကြီးရွက်                               ၁၀-ကျပ်သား သလဲခွံ                                      ၁၀-ကျပ်သား သိန္ဓော                                      ၁၀-ကျပ်သား အခြောက်အမှုန့်ပြု ၊ပျားရည်နဲ့ စပ်တိုက်။ တစ်နည်း။     ။ မုရာကြီးရွက်အခြောက် တိုင်းရင်းဆေးနံပါတ်(၁၆)နဲ့စပ်တိုက်ပါ။

ညောင်ဗုဒ္ဓဟေနှင့် ကိုယ်တွေ့ဆေးအသုံး

ညောင်ဗုဒ္ဒ ဟေဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရားရှင်ပွင့်တော်မူသည့် ညောင်အမျိုးအစား ဖြစ်ပါသည်။ အရွက်ဖျားများ အမြီးသဖွယ် ရှည်သွယ်ပါသည်။ အရေပြားရောဂါ   ယားနာ ညောင်ဗုဒ္ဓဟေရွက် လက်တစ်ဆုပ်ခန့်ကို ရေတစ်ဖလားခန့်နှင့် တစ်ဝက်ခန်းအောင် ကျို။ ရေဆာတိုင်း သောက်ပါ။ ယောနိလမ်းကြောင်း သန့်ရှင်းစေရန် ညောင်ဗုဒ္ဓ ဟေအမြစ်မှုန့်၊အခေါက်မှုန့်တို့ကို ပျားရည်နှင့်တေပြီး ညစဉ် ကော်ဖီဇွန်း တစ်ဇွန်း စားပေးပါ။ ရေယုံနာ ညောင်ဗုဒ္ဓ ဟေအမြစ်ခေါက်ကို ရေနှင့်သုံးခွက်တစ်ခွက်ကျို။ ပါးစပ်ငုံပေးပါ။ အနာ ညောင်ဗုဒ္ဓ ဟေအမြစ်ခေါက်ကို မီးရှို့ပြာချ အနာပေါ် ဖြူးပေးပါ။ နှလုံးရောဂါ ညောင်ဗုဒ္ဓဟေအသီးမှည့်ကို သကြား၊သကာတို့နှင့်ယိုထိုးစားပါ။ ရင်သားတွင်ပေါက်သောအနာ၊ အနာပေါက်များပြည်တည်နာ  ညောင်ဗုဒ္ဓဟေမြစ် သွေးလိမ်းပါ။ ဆင်ခြေထောက်ရော၊လေရောဂါ၊ ထိုးအောင့်ရောဂါ၊ အော့အန်ရောဂါ ညောင်ဗုဒ္ဓဟေမြစ်အခေါက်                           ၁၀-ကျပ်သား ချင်း       ...

နောက်ကြောတက်ရောဂါအတွက် ဆေးဖက်ဝင်ပတဲကော

ပတဲကောပင်အမြစ်ဥအား နေလှန်း၍ အတော်အတန် ခြောက်သွေ့ပါက ကျောက်ကျဉ်တွင် ရေနှင့်သွေးကာ ရေဆေးနှင့် တစ်နေ့(၂)ကြိမ် သောက်ပါ။ ကော်ဖီ(၂)ဇွန်း ပျောက်သောရောဂါများ အစာမကြေ၊ အော့အန်၊ နောက်ကြောတက်၊ ရေချိုးမှား၊ အစားမှား၊ အအေးပတ်ရောဂါများ။

ကြောင်ဆေးပင်နှင့် အူကျရောဂါ

ကြောင်ဆေးပင် လတ်လတ်ဆတ်ဆတ် ကို ရေစင်ကြယ်အောင် ဆေးပြီး (အရွက်)သုပ်စားပါ။ အူကျရောဂါပျောက်ပါသည်။ ကြောင်ဆေးပင်ပဉ္စငါးပါး အခြောက်ခံအမှုန့်ပြု၊ ညအိပ်ရာဝင် လက်ဖက်စားဇွန်း(၃)ဇွန်း မှန်မှန် သောက်ပါ။ ဒူလာ၊လိပ်ခေါင်း၊ ပန်းညှိုး၊ပန်းသေ၊အာရုံကြော၊အကြောနဲ့ပတ်သက်သော ရောဂါများပျောက်သော "ကျားခွန်အားတိုးဆေး" ဖြစ်သည်။

ကူးစက်ရောဂါနှင့် မိရိုးဖလာ ကာကွယ်ဆေး

လိုအပ်သောပစ္စည်းများ ထုံး၊နနွင်းမှုန့်စစ်စစ်၊ သုံးလက်မလံတစ်ချောင်း။ ပြုလုပ်ပုံမှာ နနွင်းမှုန့်စစ်စစ် စားပွဲတစ်ဇွန်းတစ်ဇွန်းကို လက်ဖက်ရည်ပန်းကန်လုံးထဲတွင် ထည့်၍ ကွမ်းစားထုံးတစ်ဇွန်းလည်းထည့်ပါ။ ရေအနည်းငယ်ထည့်၍ သမပေါင်းစပ်သွားရန် မွှေပေးပါ။ ထုံး၊ နနွင်းမှာ နီနီရဲသော သွေးရောင်များအသွင် ပြောင်းလဲသွားပါမည်။ ထို့နောက်(၃)လက်မ သံတစ်ချောင်း ကို မီးရဲနေအောင်ဖုတ်၍ ထုံးနနွင်းပန်းကန်လုံးထဲတွင် ထိုး၍ နှစ်လိုက်ပါ။ ရှဲကနဲ အသံမြည်သွားပါမည်။၎င်း ကို ထုံးနနွင်းသံသတ်ဟု ခေါပါသည်။ ထို ဆေးကို ယုံကြည်စိတ်ချစွာ သောက်ပါ။

ကြွက်နို့သတ်ဆေးနည်း

ပထမဆုံး ပေါက်တဲ့ကြွက်နို့ကို မှတ်ထားပြီးကြောင်ပန်းအကိုင်း တစ်တောင်လောက်ကို ယူပါ။ အိမ်ထဲလွတ်တဲ့မြေနေရာမှာ ထောင်ပြီး အဲဒီအကိုင်းက အရွက်ကလေး သုံးရွက်ကို ခူးပြီး အမြီးပြတ်၊ ခေါင်းပြန်ထားလိုက်ပါ။ အရင်းအဖျားဖြတ်ပြီးလျှင် ပထမဆုံးကြွက်နို့ကို အသက်အောင့်ပြီးတို့ပါ။ တစ်ခါ တို့၊ တစ်ခါအောင့်ပြီး (၇) ခါတို့ပြီးလျှင် ''နင်က ကြွက်နို့၊ ငါက ကြောင်ပန်း''ဟု ဆိုပြီးနောက်ပြန်ပစ်ခဲ့ပါ။ ယခင်စိုက်ထားသည့် ကြောင်ပန်းကိုင်းခြောက်လျှင်ကြွက်နို့အားလုံး ပျောက်မည်။

ဝဲနှင်းခူ

ဥနှဲရွက်(ဆေးရိုးရွက်)၊ ဆီးရွက်၊ထီကရုံးအရိုင်းရွက်၊ ၎င်း (၃)မျိုး ဥနှဲရွက် (၂)ဆ၊ ထိကရုံးတစ်မျိုး (၁)ဆတစီ နေလှန်း ခြောက်လျှင် သံပြားပေါ်ပြာချ။ အမှုန့်ပြု၊ရေနံချေး(သို့မဟုတ်) အုန်းဆီနှင့်လိမ်းပါ။

ခါသားနှင့် ပန်းနာရင်ကျပ်ရောဂါ

ခါသားကို ကြော်စားပေးပါ။

လက်ဖဝါးပြင် အရေပြားကပ်ခြင်း အမြန်ပျောက်ကင်းနည်း

သံပုရာသီးဖြင့် ပွတ်ပေးပါ။

ဆီးချိုကြောင့်ဖြစ်သော အနာများသက်သာပျောက်ကင်းစေရန်

ဆိပ်ဖလူးပွင့်ခြောက်မှုန့်(၅)ကျပ်သား၊ ပျားရည်(၂)ကျပ်သား ရောစပ်၍ (၄)ပဲသားခန့်တစ်နေ့(၃)ကြိမ်သောက်ပါ။ ဆိပ်ဖလူးရွက် လက်ဆစ်ဆုပ်စာခန့်ဆားသင့်ရုံထည့်၍ ကြိတ်ပြီး ရရှိသည့် ဆေးရည်ကို ဆီးချိုကြောင့်ဖြစ်သော အနာတွင် တစ်နေ့(၃)ကြိမ် လိမ်းပေးပါ။

သွေးဝမ်းသွားက သောက်သုံးကြ

ပျဉ်းတော်သိမ်ရွက်၊ လက်ငါးဆုပ်ခန့်ယူ၍ ရေစင်ကြယ်စွာ ဆေးပြီး သန့်ပြန့်သောအိုးထဲထည့်ပါ။ ထန်းလျက်(၉)ခဲ၊သို့မဟုတ်(၁၃)ခဲထည့်ပါ။ ဆားစိမ် ထည့်ပါ။ ရေထည့်ပြီး ပြုတ်ပါ။ လက်ဖက်ရည်ပန်းကန်နှစ်လုံးခန့်တစ်နေ့နှစ်ကြိမ် သောက်ပါ။ မပျောက်က ဆန် လွတ်နနွင်း၊ ကွမ်းသီးတစ်ခြမ်းခန့်ထည့်သောက်ပါ။ ဝမ်းအသွားလွန်သော် သစ်ကြပိုးခေါက်အမှုန့်နှင့်ရှားစေမှုန့်(၂)မျိုး ဆတူရော(၂)ပဲသားခန့်ရေနွေးပူပူနှင့်တိုက်ပါ။

သွေးဆုံးကိုင်ဝေဒနာ ပျောက်ကင်းစေရန်

ကျောက်ဖရုံသီးတစ်လုံးကို ထိပ်ပိုင်းမှ ဖြတ်၍ အလယ်အူတိုင်နှင့် အစေ့များကို ထုတ်ပါ။ အလယ်အူတိုင်နေရာသို့အပြည့်ထည့်ပါ။ ထိပ်ဝကို လုံအောင် ပြန်ပိတ်ပြီးမီးဖိုနားတွင် ကျောက်ဖရုံသီးထိပ်ဝကို အပေါ်ထောင်၍ ထားပါ။ ရက်အနည်းငယ်ကြာသောအခါ သကြားများအရည်ပျော်သွားပေမည်။ သကြားထပ်ထည့်ပါ။ သကြားထပ်အရည်ပျော်သွားပေမည်။ ဤ နည်းဖြင့် သကြားအရည်ပျော်လိုက်၊ ထပ်ထည့်လိုက်နှင့် နောက်ဆုံးတွင် ကျောက်ဖရုံသီးအတွင်း အသားများသကြားနှင့်အတူ အရည်ဘဝသို့လုံးဝရောင်သွားပါမည်။ ကျောက်ဖရုံသီးအခွံ(အကာ) သာကျန်သောအခါ နံနက်၊ အိပ်ရာထ၊ တစ်ဇွန်း၊ညအိပ်ရာဝင်ကာနီးတစ်ဇွန်းသောက်ပါ။ သွေးဆုံးကာနီး ဖြစ်တတ်သော ဝေဒနာများ ပျောက်ကင်းပါသည်။

မွေးကင်းစကလေးများ ဝမ်းပျက်ဝမ်းလျှောလျှင်

ကြက်ဥအကာရည်ကို သကြားနဲ့ခေါက်ပြီး လက်ဖက်ရည်ဇွန်းသေးတစ်ဇွန်း တိုက်ပါ။ တစ်နေ့(၃)ကြိမ်။

ခန္ဓာကိုယ်အသားအရေနှင့် အကြောတင်းသူများအတွက်

ဧကရာဇ်မြစ်ကို သွေး၍ လိမ်းပေးပါ။

ပိန်းမဟော်ရာနှင့် ဝမ်းကိုက်ရောဂါ

ပိန်းမဟော်ရာဥကို ရေသန့်စင်အောင်  ဆေးပြီးကျောက်ကျဉ်တွင် ရေနှင့်ဆေးပါ။ လက်ဖက်ရည်အကြမ်းပန်းကန် သုံးပုံတစ်ပုံခန့်တစ်နေ့(၂) ကြိမ် နံနက်၊ ည၊ သောက်ပါ။

မီးယပ်သွေးလွန်ပျောက်ဆေး

၁။ ကံ့ကော်ဝတ်ဆံ                                              ၁-ကျပ်သား ၂။နံ့သာနီ                                                             ၁-ကျပ်သား ၃။ ကြာဝတ်ဆံ                                                     ၁...

မီးယပ်၊ထိန်၊ ငုပ်၊ ချုပ် ပျောက်ဆေး

၁။ တြိကဠုတ်သုံးပါး (၂-ကျပ်သားစီ)                             ၆-ကျပ်သား ၂။ လေးညှင်း                                                         ၂-ကျပ်သား ၃။ ဇာတိပ္ဖိုလ်သီး                                                    ၂-ကျပ်သား ဆေး(၃)မျိုး  ဆေးချိန်     (၁၀)ကျပ်သား ဆေးများအမှုန့်ပြု၍ သမအောင် ရောစပ်ပါ...

မီးယပ်ဖောရောဂါ ဆေးနည်း

၁။ ဇာတိပ္ဖိုလ်ပွင့်                                                      ၁-ကျပ်သား ၂။ ဇာတိပ္ဖိုလ်ပွင့်                                                      ၁-ကျပ်သား ၃။ ငရုတ်ကောင်း                                                ...

အကြောတတ်၊အကြောညပ်၊ အကြောကပ် လေငန်းရောဂါ ပျောက်ဆေး

၁။ ဆေးအမှတ် (၂၃)ဆေးပုလဲကလပ်                                ၃-ကျပ်သား ၂။ ဆေးအမှတ်(၂၅) မတဲမြင်းမိုရ်ကုန်း                               ၂-ကျပ်သား ၃။ ဆေးအမှတ်(၂၇) ပြည်လုံးချမ်းသာ                                ၁-ကျပ်သား ၄။ နွယ်ချို                                                     ...

လေငန်းစားဆေး

၁။ ခပေါင်းရေကြည် ၂။ ခပေါင်းကြီးမြစ် ၃။ ခွေးတောက်မြစ် ၄။ လက်ထုတ်မြစ် ၅။ ကန့်ချုပ်နီ ၆။ သက်ရင်းကြီး ၇။ ကြောင်လျှာရွက် ၈။ သင်းဝင်ပေါက်ဖြူ ၉။ ဖွားဖက်ကြီး ၁၀။ ငပြေရှင်(ငါးပြေရင်) ၁၂။ ဆေးပုလဲ ၁၃။ ကန့်မ ၁၄။ တပဆေး ၁၅။ စေးမခန်း ၁၆။ ဆင်တုံးမနွယ် နံပါတ်(၁) ကနေ (၁၅) အထိ ဆေး၁-ကျပ်သားစီစု ၊(၁၅) ကျပ်သား ရမယ်။ ဆင်တုံးမနွယ်(၇)ကျပ်သား(၈)ပဲ စုစုပေါင်း(၂၂)ကျပ်သား၊ (၈)ပဲသားအားလုံးထောင်းအခြောက်ပြုလုံအောင်ထား။ တစ်နေ့(၂) ကြိမ် ရေနဲ့ သောက်ပါ။ မန်ကျည်းစေ့ (၃)စေ့ခန့်။

လေငန်းလိမ်းဆေး

၁။ တောရှောက်မြစ် ၂။နနွင်းခါး ၃။ နနွင်းစစ် ၄။ မိဿလင် ၅။ ရှောက်သီး အားလုံးဆတူနေမှာလှန်း။ ခြောက်ရင်ထုထောင်းအမှုန့်ပြု၊ ပုလင်းထဲလုံအောင်ထည့်ထားပါ။ ထန်းလျက်အရက်စစ်စစ်နှင့်ရောပြီး ခြေဖဝါးချန်ပြီး တစ်ကိုယ်လုံးနံနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးပါ။ မှတ်ချက်။     ။ တစ်ကိုယ်လုံး ယားလာမယ်။

အညှော်ဝင်၊ မန်းဝင်၊ မန်းငုတ် ပျောက်ဆေး (အဖျားပျောက်ဆေး)

၁။ လေးညှင်း                                                             ၁-ကျပ်သား ၂။ ဇာတိပ္ဖိုလ်သီး                                                       ၁-ကျပ်သား ၃။ နနွင်းခါး                                          ...

မုတ်ရောင်ရောဂါကုသနည်း

သယ်တစ်ခြမ်းကြီးသော် အဇ္ဈတ္တိကပျက် အကြောင်းဥဏှရစေရန် (၁၆) ဆေး (၃) ဆေး ရောတိုက်ပါ။ အမှတ်(၁) ဆေးကို (၃) နှင့်စပ်တိုက်ပါ (၄၃-၄၄) ဆေးများကို အရက်(သို့)နှမ်းဆီများဖြင့်လိမ်းပါ။ ညာတစ်ခြမ်းကြီးသောသီတမုတ်  အလွန်ကြာမြင်စွာ ကုမှပျောက်၏ ၊ ဆေးပူမတိုက်ရပါ အမှတ် (၁၁) ဆေး(၂၇) ဆေး(၃၂) ဆေးတို့ကို စပ်တိုက်ပါ။ ဥဏှအဇ္ဈတ္တိက ပထဝီ ပျက်စေသော အမှတ် (၃) ဆေးကို လက်မလွှတ်ရ အမှတ်(၄၃-၄၄) လိမ်းဆေးတို့ကို မရပါက အမှတ် (၂၉)(၄၀) ဆေးများကို ရာသီဥတုအားလျော်စွာရေနံချေး၊ အရက်ကောင်းကောင်း နှမ်းဆီ စစ်စစ်တို့ဖြင့် လိမ်းပါ။

အူကျရောဂါပျောက်ဆေးနည်း

ကြက်သွန်နီ ဥတစ်လုံးကို ပါးပါးလှီး၍ သကြားတစ်ဇွန်းခန့်ဖြင့် ရေစိမ်ပါ။  တစ်ညခန့်စိမ်ပြီး သောက်ပါ။

ကိုယ်ရောင်အဖေါရောဂါ ရေငတ်ခြင်းကို ပျောက်ကင်းစေရန်

အစိမ်းဖောကိုယ်ရောင်သော် ကနဖောရွက်ပြုတ်ရည်ကို နိုင်နိုင်ရေချိုးပေးပါ။

သွားဖုံးနာ သွားကိုက်ပျောက်ဆေး

နံ့သာဖြူနဲ့ ခရေခေါက်ကိုသွေးပြီး ပါးပြင်နှင့် သွားဖုံးကိုမပျစ်မကျဲလိမ်းပေးပါ။

အမျိုးသားများမုတ်ရောင်ပျောက်ဆေး

ပံ့သကူရသော စာကလေးသုံးကောင်ခန့်ကို အမွေးနုတ်၍ ဝမ်းဗိုက်ခွဲပြီး အူနှင့် အသည်းတို့ကို ထုတ်ပစ်ပါ။ စမုံစပါး (၁)ကျပ်သား ငရုတ်ကောင်း(၄) ပဲသားတို့ကို အမှုန့်ထောင်းကာ စာကလေးသုံးကောင်၏ ဝမ်းထဲသို့ထည့်ပါ။ စာကလေးသုံးကော်ကို အပြင်မှ စက္ကူဖြင့်ပတ်၊ ရွှံ့စေးနှင့်ထပ်၍ မံပါ။ မြေကြီးကို အဝကျယ်တစ်ပေ၊ အနက်တစ်လွာခန့်တူးပြီး ယင်းကျင်းထဲသို့သစ်စက်မှ လွှစာမှုန့်များ ထည့်ပါ။ ရွှံ့စေးနှင့် မံထားသော စာကလေးသုံးကောင်ကို ထိုကျင်းထဲရှိ လွှစာမှုန့်ထဲ မြုပ်အောင်ထည့်မြုပ်ပြီးနောက်လွှစာမှုန့်ကို တစ်နာရီခန့်ကြာအောင်မီးရှို့ပါ။ ပြီးလျှင် စာကေလးများကို ထုတ်ယူအအေးခံပြီး နောက်တစ်ကြိမ်တည်းနှင့်ကုန်အောင်စားပေးပါ။ တစ်ပတ်ကို တစ်ကြိမ်ဖြစ်စေ၊ နှစ်ကြိမ်ဖြစ်စေ၊ စားပေးခြင်းဖြင့် သွေးမုတ်၊ လေမုတ်ကြောင့်ဖြစ်သော မုတ်ရောင်ခြင်းဝေဒနာ သည်ရက်တိုတို နှင့်သက်သာပျောက်ကင်းပါမည်။

ငှက်ဖျားရောဂါ၊ နာတာရှည်ဒူလာ၊ မီးယပ်ရောဂါ ၊ ချောင်းဆိုးရင်ကျပ်ရောဂါပျောက်ဆေး

တရုတ်စံကား(အနီပင်) အခေါက်တစ်ပိဿာ ရေသုံးခွက် တစ်ခွက်တင် ပြုတ်၊စစ်ပါ ထန်းလျက် (၂၅)ကျပ်သား ၊ပျားရည် (၁၀) ကျပ်သား ဆားစိမ်း (၁)ကျပ်သား ရောစပ်ပြန်ကျိုပါ။ ဆေးအရသာ ပူ၊ခါး၊ချို ဆေးအာနိသင် ဓါတ်ပျော့၊ လေလည်၊အိပ်ပျော်၊ ရင်ချောင်၊စားဝင်၊ အအေးခံနိုင်။ သလိပ်ကပ် ချောင်းဆိုး မောပန်းဆေး စမုန်မျိုးငါးပါး                                  ၁-ကျပ်သား သိန္ဓောဆား                                   ၁-ကျပ်သား ကျောက်ချဉ်                                   ၁-မတ်သား ပျားရည်ဇွန်းကြီး      ...

မျက်စိရောဂါ

ဖြူဆူးတောင် ရေသန့်သန့်နှင့်သွေးခပ်ပါ။

မာ၊နန်း၊ လောက်တီဘီရောဂါပျောက်

၁။ မာ      =တမာရွက်                                         ၁၀-ကျပ်သား ၂။ နန်း     = တပင်တိုင်မြနန်းရွက်                           ၁၀-ကျပ်သား ၃။ လောက်=လောက်သေရွက်                               ၁၀-ကျပ်သား အမှုန့်ကြိတ်ရောမွှေပြီး လက်ဖက်စားဇွန်းတစ်ဇွန်း နံနက်၊နေ့၊ည ရေအေးဖြင့်သောက်ပါ။

ဝက်ခြံပျောက်ဆေး

ငှက်ပျောသီးဖီးကြမ်း မမှည့်တမှည့် ခပ်မာမာကို ဓားနှင့်လှီးပါ။ ပါးပါးလှီးပါ။ အခွံဖယ်ပစ်ပါ။ အတွင်းသားကို ဝက်ခြံအုံပေးပါ။

ဆီးမသွားနိုင်ဖြစ်ခဲ့ပါလျှင်

ကျောက်ဖရုံအူတိုင်  ဆီးအိမ်ပေါ် အုံပေးပါ။ ဆီးကျင်၊ ဆီးအောင့် ၊ဆီးချုပ်သော် မြင်းခွာရွက် သတ္ထုရည်ထဲ ထန်းလျက်တစ်လုံး ဖျော်တိုက်ပါ။

ဝါးပုလဲ(ဝါးစိန်) ဝါးထဲမှာ ကျောက်ဖြူ

အသုံး ဝါးပုလဲအမှုန့်(၁)ကျပ်သား၊ ပျားရည်(၅)ကျပ်သားနဲ့ရောစပ်ပြီး လျက်ပေးပါ။ ပျောက်ကင်းနိုင်သော ရောဂါများ ချောင်းခြောက်ဆိုးခြင်း ၊ အဆိပ်သင့်နာ၊ ပန်းနာရင်ကြပ်မောဟိုက်နာ၊ သွေးအန်၊ သွေးကျရောဂါများ ဝါးပုလဲအစစ် ၁။ ဖြူသောအရောင်တွင် အညိုကွက်ကလေးများရှိခြင်း။ ၂။ မာကျောသောသစ်သား၊ ကျောက်ပျဉ်များပေါ်တွင် သွေးသောအခါ အရေးအကြောင်း မထင်ခြင်း။ ၃။  ပါးစပ်အတွင်းငုံထားပါက လျင်မြန်စွာ  အရည်မပျော်ခြင်း။ ၄။ လက်ဖြင့်ဖိနှိပ်ချေသော်လည်း ကြေမွမသွားခြင်း။ ၅။ ရေနှင့်တွေ့ထိပါက ရှေးဦးစွာရေကို ထုတ်ယူပြီး နောက်ကြည်လင်သောအေရာင် ဖြစ်ပေါ်ခြင်း။

ငါးမျက်စိအတွက် မခက်ကြပါနဲ့

ကြောင်လျှာပင်အခေါက် ကို အမြစ်ဆုံခွနေတဲ့အမြစ်ရဲ့အထက်က ခေါက်သွေးလိမ်းပေးပါ။

မြန်မာရိုးရာ လက်နှိပ်ပညာ

မလွဲတစ်ချက်၊ နားလေထွက်၍ ၊ နားမျက်နားထူ၊ နားအူနာလေး၊ နားပြည်မှေး၊ ခေါ် မေးမရ၊ နားထိုင်းစသည့်၊သောတဝေဒနာ၊ နှိပ်လိုပါမူ၊ ကဏ္ဏအတတ်၊နားသယ်ဇက်နှင့်၊ နားရွက်၏နောက် ၊ နားရွက်နောက်ကို ၊ လျှောက်၍ အညီး၊နှိပ်ပုံမှီးလော့၊ စည်တီးမကြား၊ပင်းသည့်နားလည်း ၊ကြား၏မပျက်၊ ချက်ချင်းဆက်တည့်။

နားရောဂါပျောက်ကင်းသော ဂါထာနှင့် ဆေးမြီးတို

ဒူရဉ္စ သုခုခံ  သဒ္ဒံ သောတုံ သမတ္ထ နာယကံ။ ဒိဗ္ဗသောတေန သမ္ပန္နံ၊ လောကနာထံ နာမာမဟံ။ ခက်ခဲသောပါဠိ အသံထွက် ဒူရဉ္စ             =  ဒူရင်စ သဒ္ဒံ             =  သတ်ဒံ သမတ္ထ         =  သမတ်ထ သမ္ပန္နံ      ။     သမ်ပန်နံ **     ဒူရဉ္စ သဒ္ဒံ၊စကြာဝဠာ လွန်းဝေးစွာမှ လာသော အသံဓတ်၊ အရပ်ရပ်ကိုလည်းကောင်း။ သုခုမံ  သဒ္ဒံစ၊ ပုရွက်၊ ပုရွက်ငယ်စွာ သတ္ထဝါ အဖြဖြာတို့၏ သေးစွာလုံးစုံ သိမ်မွေ့သောအသံ အလုံးစုံ ကိုလည်း ကောင်း။ သောတုံ၊ တန်ခိုးတော်အား ပကတိနားဖြင့် ကြားသီတော်မူခြင်းငှါ။ သမတ္ထံ၊ စွမ်းနိုင်တော်မူသော။ ဒိဗ္ဗသောတေန၊ နတ်နားအသွင် ဒိဗ္ဗသောတ အဘိညာဉ်နှင့်။ သမ္ပန္နံ၊ပြည့်စုံကုန်လုံတော်မူသော။ လောကနာထံ၊ လူ၊နတ်၊ ဗြဟ္မာ၊သတ္တဝါတို့၏ ကိုးကွယ်ရာဖြစ်တော်မူသော။ နာယကံ၊ လောကတံခွန် ပုဂ္ဂိုလ်မွန်ဟု လမ်းညွှန်ရှေ့သွား မြတ်ဘုရားကို။ အဟံ၊ အရှင်ဘုရားအား အားထားကေ...